Background MM
Spectrum- ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးကွန်ယက်ကို ၂၀၀၇ ခုနှစ်၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းအစောပိုင်းကာလတွင် စတင် တည်ထောင်ခဲ့သည်။
Read more..."Resources - Rights - Justice"
ရောင်စဉ်လှိုင်း- စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အသိပညာကွန်ယက်- ကို မြန်မာ့ဒီမိုကရက်တစ် အပြောင်းအလဲအစဦးကာလဖြစ်သည့် ၂၀၀၇ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။
မြန်မာနိုင်ငံ၏ ပြောင်းလဲမှုအဆင့်သစ်တွင် ဆောင်ရွက်နေသည့် အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးဆိုသည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တည်ငြိမ်သည့်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ သယံဇာတ စီမံခန့်ခွဲမှုစသည့် ကဏ္ဍများတွင် လွယ်ကူချောမွေ့ရန်အတွက် သက်ဆိုင်သည့် တာဝန်ရှိသူ များနှင့်အပြုသဘောဆောင်သည့် ဆက်ဆံရေးကို ထူထောင်နိုင်ရန်ဖြစ်သည်ဟု ရောင်စဉ်လှိုင်းက ခံယူထားသည်။
ရောင်စဉ်လှိုင်းက အစိုးရ၊ လုပ်ငန်းရှင်များနှင့် ဒေသတွင်းရှိ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး သတင်းအချက်အလက်များ၊ အခွင့်အလမ်းများနှင့်ပညာပေးရေး အစီအစဉ်ကို သတင်းအချက်အလက်မျှဝေသည့်ကွန်ယက်အနေနှင့်ဆောင်ရွက်လျက်ရှိသည်။
သတင်းအချက်အလက်အမှန်ရရှိစေရေး၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံယူမှုတိုးတက်လာစေရေးကို အထောက်အပံ့ပြုရန်မှာ ကျွန်ပ်တို့၏ အဓိကတာဝန်အဖြစ် စူးစိုက်ဆောင်ရွက်ရန်ဖြစ်သည်။ နိုင်ငံသားများအနေနှင့် မိမိတို့တိုင်းပြည်၏ အနာဂတ်လားရာကိုဆုံးဖြတ်ရာတွင် တိကျမှန်ကန်သည့် သတင်းအချက်အလက်များအပေါ်တွင် စဉ်းစားဆုံးဖြတ်နိုင်စေရန်မှာ ကျွန်ပ်တို့အဖွဲ့၏ အဓိက ရည်မှန်းချက်ဖြစ်သည်။
အစိုးရ၊ ပုဂ္ဂလိကအခန်းကဏ္ဍနှင့် လူမှုအဖွဲ့အစည်းများကြား အပြုသဘောဆောင်သည့် ထိတွေ့ ဆက်ဆံမှုများကိုမြှင့်တင်ရန် အခြေခံအချက်အလက်များကို ထောက်ပံ့ပေးခြင်း၊ သင်တန်းများပြုလုပ်ပေးခြင်း၊ သုတေသနပြုချက်များကို ဝေမျှပေးခြင်းနှင့် ဖြစ်ရပ်မှန်များ ကို လေ့လာဆန်းစစ်ခြင်းတို့ကို ရောင်စဉ်လှိုင်းအဖွဲ့က ပြုလုပ်ပေးသည်။
Powered by KnowledgeArc