Spectrum noline nosdkn largerS Csw3 

DSC 0065 H

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

Background MM

Spectrum- ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးကွန်ယက်ကို ၂၀၀၇ ခုနှစ်၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းအစောပိုင်းကာလတွင် စတင် တည်ထောင်ခဲ့သည်။

Spectrumအဖွဲ့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး မြန်ဆန်စွာ စတင်လာသည့် အချိန်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှု စသည့် ကဏ္ဍများတွင် အပြုသဘောဆောင်ပြီး သက်ဆိုင်သူအားလုံး ထိတွေ့ဆက်ဆံမှု လွယ်ကူချောမွေ့စေရန်အတွက် တက်စွမ်းသမျှဆောင်ရွက်သွားရေးဖြစ်သည်။

ကျွန်ပ်တို့အဖွဲ့သည် အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံလူမှုအသိုင်းအ၀ိုင်းများ အကြား သတင်းအချက်အလက်ဝေမျှရေးကွန်ယက်ကို သတင်းအချက်အလက်ပေးရန်၊ အသိပေးရန်၊ ပညာပေးရန်အတွက် ချိတ်ဆက်ဆောင်ရွက်သည်။

သတင်းအချက်အလက်ရရှိစေရန်နှင့် တာဝန်ခံယူမှု ပွင့်လင်းမြင်သာမှုတို့ကို ထောက်ပံ့ ပေးရန် အာရုံစိုက်ခြင်းက ကျွန်ပ်တို့၏ အဓိကကျသော လုပ်ငန်းဖြစ်သည်။

ကျွန်ပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသား၏ အနာဂတ် နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်သူများကို ကောင်းမွန်မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် သတင်းပေးရန်သာဖြစ်သည်။

ကျွန်ပ်တို့၏ ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် မြန်မာအစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့် လူမှုအဖွဲ့အစည်းများကြား အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှု တိုးမြင့်လာနိုင်ရန်  သင်တန်းများ၊ သက်ဆိုင်ရာ သုတေသနဆောင်ရွက်ချက်များနှင့် ဖြစ်ရပ်မှန်လေ့လာချက်များကို အရင်းအမြစ်များအဖြစ် ပံ့ပိုးထောက်ပံ့ပေးသည်။

Powered by KnowledgeArc