Spectrum noline nosdkn largerS Csw3 

DSC 0065 H

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

Governance

ဖွံ့ဖြိုးတိုးတက်ရန်အတွက် သင့်လျော်သည့်အပြောင်းအလဲတွင် လိုက်ပါဆောင်ရွက်နိုင်ရန် ရောင်စဉ်လှိုင်း၏ အုပ်ချုပ်မှုပုံစံကို တည်ဆောက်ထားသည်။

ယခုအချိန်တွင် နိုင်ငံတကာမှ ပူးတွဲဆောင်ရွက်နေသူများနှင့်အတူ မြန်မာနိုင်ငံသား ၁၁ ဦးကိုလည်း ဦးဆောင်ကော်မတီအဖွဲ့ဝင်များအဖြစ် ရွေးချယ်ခန့်အပ်ထားသည်။

မြန်မာနိုင်ငံအတွင်းရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများသည် အစိုးရထံ မှတ်ပုံတင်ရန်မျှော်လင့်စောင့်ဆိုင်းနေသော်လည်း ၎င်းလုပ်ထုံးလုပ်နည်းများသည် ရှုပ်ထွေးသည်။ ၂၀၁၅ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့်ကော်မတီက ၂၀၁၄ မှတ်ပုံတင်ဥပဒေနှင့် ဆက်စပ်ဥပဒေအရ ယခုအခါတွင် မှတ်ပုံတင်လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ဦးဆောင်ကော်မတီအနေနှင့် အရည်အချင်းအပြည့်ဖြင့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိစေရန်သာမက အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်နှင့် ကျွမ်းကျင်မှုအခြေခံများကို အသုံးပြုပြီး လေ့လာသင်ယူနိုင်ရန် ရည်မှန်းသည်။

ရောင်စဉ်လှိုင်း၏ နေ့စဉ်ပုံမှန်လုပ်ဆောင်နေသည့် လုပ်ငန်းများကို ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်ရန် ဒါရိုက်တာ၊ လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးမှူးများ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် အုပ်ချုပ်စီမံမှု ညှိနှိုင်းရေးမှူး၊ အကြီးတန်းစာရင်းကိုင်တို့ပါဝင်သည့် အလုပ်အမှုဆောင်ကော်မတီဖြင့် လွှမ်းခြုံဆောင်ရွက်သည်။ တာဝန်လွှဲအပ်ခံရသည့် ကိုယ်စားလှယ်အဖွဲ့ကို ရောင်စဉ်လှိုင်း၏ အခြားသော လုပ်ငန်းကဏ္ဍများက အားဖြည့်ဆောင်ရွက်ပေးသည်။

ကျွန်ပ်တို့၏ ဘဏ္ဍာငွေသုံးစွဲသည့် လုပ်ငန်းစဉ်များတွင် တာဝန်ခွဲဝေယူမှုရှိသည့်အပြင် ဘဏ္ဍာရေးလည်ပတ်မှု လုပ်ထုံးလုပ်နည်းတွင်လည်း တာဝန်ခံမှုဖြင့် လွှမ်းခြုံဆောင်ရွက်သည်။ ရောင်စဉ်လှိုင်းအဖွဲ့အနေနှင့် မြန်မာနိုင်ငံအတွက် စာရင်းစစ် ၇ ဦးထားရှိကာ ယေဘုယျအားဖြင့် လက်ခံထားသည့် စာရင်းကိုင်အခြေခံမူများဖြင့် ဆောင်ရွက်သည်။ ပြက္ခဒိန်နှစ်အလိုက် ရောင်စဉ်လှိုင်း၏ ဘဏ္ဍာနှစ်အဖြစ်သတ်မှတ်သည်။

ကျွန်ပ်တို့အနေနှင့် ရှိထားသည့် ဘဏ်အကောင့်များနှင့် စီမံကိန်းတစ်ခုစီအတွက် ထားရှိသည့် အကောင့်များကို ဘဏ္ဍာနှစ်တိုင်းအတွက် တိတိကျကျ စာရင်းဇယားများကို စစ်ဆေးခြင်းပြုလုပ်သည်။

Powered by KnowledgeArc