Team & Activities
ကျွန်ပ်တို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ အောင်မြင်မှုရစေရန် လေ့လာသင်ယူခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်း၊ စမ်းသပ်တီထွင်မှု နည်းလမ်းများဖြင့် ဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်သူများနှင့် ကွန်ရက်အသစ်များ ချိပ်ဆက်မှုမှတဆင့် အခွင့်အလမ်းများ ရရှိလာနိုင်အောင် လုပ်ဆောင်ပေးသည်။
စဉ်ဆက်မပြတ်ပြောင်းလဲမှု…….. စီမံကိန်းဧရိယာများကို ဖြန့်ကျက်ထားသည့်အတွက် ကျွန်ပ်တို့၏အဖွဲ့သည် မတူကွဲပြားသည့် ကျွမ်းကျင်မှုတို့ဖြင့် ဆောင်ရွက်သည်။ စီမံကိန်းဧရိယာအတွင်းက ဦးဆောင်သူများသည် လှုပ်ရှားမှုများ၊ သင်တန်းများ၊ ဆွေးနွေးညှိနှိုင်းမှုများနှင့် လုပ်ငန်းအစီအစဉ်များကို ဆောင်ရွက်ပြီး အခြားသော အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များအား ချိတ်ဆက်ပါဝင်လာနိုင်ရန် ရည်ရွယ်ဆောင်ရွက်သည်။ ကျွန်ပ်တို့၏ အဖွဲ့သားအားလုံးသည် ဘက်ပေါင်းစုံက စူးစိုက်ချဉ်းကပ်ကာ အတူတကွပူးပေါင်း ဆောင်ရွက်နေကြသည်။
ကျွန်ပ်တို့အဖွဲ့တွင် ကွဲပြားခြားနားသည့် ဘာသာတရားကိုးကွယ်မှု၊ တိုင်းရင်းသားပေါင်းစုံနှင့် အသက်အရွယ် မျိုးစုံပါဝင်ပြီး မတူကွဲပြားမှုကို တန်ဖိုးထားသည်။
ကျွန်ပ်တို့၏ပြောင်းလဲမှုလုပ်ငန်းစဉ်သည် တီထွင်ဖန်တီးနိုင်မှုနှင့် စိတ်အားထက်သန်မှုတို့ကို ချိတ်ဆက်ထားသည့် တန်ဖိုးဖြစ်သည်။
အဓိကအားဖြင့် လိင်ကွဲပြားမှုကြောင့်ပေါ်ပေါက်လာသည့် ပြဿနာများကို အဖွဲ့၏ အဓိက ဆောင်ရွက်ရမည့် လှုပ်ရှားမှုများအပေါ် အခြေခံစဉ်းစားသည့် နည်းလမ်းများဖြင့် ကွဲပြားမှုကို အသိအမှတ်ပြုသည်။
- ရောင်စဉ်လှိုင်းအဖွဲ့၏ အဓိကဆောင်ရွက်မည့် လှုပ်ရှားမှုများမှာ
- အစိုးရ၊ စက်မှုလုပ်ငန်းများနှင့် အများပြည်သူတို့ကို အပြုသဘောဆောင်ထိတွေ့ဆက်ဆံခြင်း
- သုတေသနနှင့် မူဝါဒ သြဇာလွှမ်းမိုးမှု
- လူမှုအဖွဲ့အစည်းအခြေခံ သုတေသနလုပ်ငန်း
- သတင်းအချက်အလက်များဖလှယ်ခြင်း
- သင်တန်းများလုပ်ဆောင်ခြင်း
- သုတေသနရလာဒ်များကို အများပြည်သူသိရှိစေရနလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ၊ မှတ်စုတိုများကို အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ဖြန့်ဝေခြင်း
- အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ကူညီပံ့ပိုးခြင်း
- သီးခြား ပြသနာရပ်များအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ ကွန်ရက်များ တည်ထောင်ပေးခြင်း
- ကွန်ရက်များကိုအခြေခံပြီး ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ ကို လုပ်ဆောင်ပေးသည်။
အခြားသော သတင်းအချက်အလက်များ၊ ကူညီမှုများ သို့မဟုတ် အထောက်အပံ့များကို လိုအပ်လျှင် ကျွန်ပ်တို့နှင့် ဆက်သွယ်နိုင်သည်။