Spectrum noline nosdkn largerS Csw3 

1 Home

Spectrum


"Resources - Rights - Justice"

Spectrum အနေဖြင့် လူတိုင်းပူးပေါင်းဆောင်ရွက်မှုရှိပါက ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ပိုမိုထိ ရောက်အကျိုးရှိမည်ဖြစ်ကြောင်း လက်ခံယုံကြည်ပါသည်။ ဤနည်းအားဖြင့် လက်ရှိလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး အနာဂတ်မျိုးဆက်သစ်များ၏ လိုအပ်ချက်များကိုပါ ပြည့်မှီစေသည့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်ခံရရှိမည်ဖြစ်သည်။ ("ကျွန်ုပ်တို့၏ ဘုံအနာဂတ်"၊ ၁၉၈၇ ဘရန့်တလန်း ကော်မရှင် အစီရင်ခံစာ)


ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးသည် ခိုင်မာအားကောင်းသည့် လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အ ထောက်အကူပြုသည်။ အထူးသဖြင့် ရှင်သန်နေထိုင်မှု အရည်အသွေး နိမ့်ကျလျက်ရှိသူများ၏ ဘ၀များကို မြင့်မားတိုးတက် လာစေနိုင်သည်။

ထိုနည်းတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု၊ သဘာဝသယံဇာတအရင်းအမြစ်အသုံးပြုမှုနှင့် ပတ်သက်၍ တာဝန်ယူမှုရှိရှိဖြင့် အသုံးပြုရန် အလွန်အရေးကြီးကြောင်းကိုလည်း မီးမောင်းထိုးပြလျက်ရှိသည်။ စီးပွားရေးနှင့် လူမှုရေး အဆင့်အတန်းမြင့်မားလာစေရန်သာ ဖိစီးဆောင်ရွက်ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်သဖြင့် ယင်းတို့ကို ရေရှည်တည်တံ့ခိုင်မြဲမှုရှိသည့် လုပ်ဆောင်ချက်များအဖြစ် သတ်မှတ်၍မရပေ။
သို့ဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးကွန်ရက်အဖြစ် ရပ်တည်နေသည့် အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ လူ့ဘောင်အသိုက်အ၀န်းအတွင်းရှိ လူတန်းစားအလွှာအသီးသီးအား အသိပေးခြင်း၊ ပညာပေးခြင်းနှင့် ခိုင် မာအားကောင်းလာစေရန် ပံ့ပိုးဆောင်ရွက်လျက်ရှိသည်။ အုပ်ချုပ်စီမံရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ အရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာ သတင်းအချက်အလက်များကို ဖြန့်ဝေပေးခြင်းအားဖြင့် ရပ်ရွာလူထု၏ ပူးပေါင်း ပါဝင်မှု မြင့်တက် လာပြီး နိုးကြားတက်ကြွမှု ရှိသည့် နိုင်ငံသူနိုင်ငံသားများဖြစ်လာမည်ဟု ယုံကြည်မျှော်လင့်ပါသည်။

 ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ အစိုးရ၊ စက်မှုလုပ်ငန်းနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းကဲ့သို့သော ကဏ္ဍစုံပတ်သက်ပါဝင်သူများ အကြား ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာအားကောင်းလာစေခြင်းဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု တိုးတက်မြင့်မားလာအောင် ပံ့ပိုးဆောင်ရွက်ပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် အနာဂတ် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားဖြင့် နိုင်ငံသူနိုင်ငံသားတိုင်း၏ ဘ၀အရည်အသွေး တိုးတက်မြင့်မားလာစေရန် ဆန္ဒရှိသည်။

 ပြုပြင်ပြောင်းလဲရေးအတွက် ယခုပင်ပူးပေါင်းပါဝင်၍ အတူတကွ ခရီးဆက်ကြပါစို့။

2 edition book cover budget guide book sm

"ဆုံးဖြတ်ချက် ချမှတ်သူများအတွက် ဘတ်ဂျက်ရေးဆွဲခြင်း လက်စွဲ" ကိုထုတ်ဝေလိုက်ပါသည်။  စာအုပ်ရယူလိုပါက အောက်ပါ  Link တွင် ရယူနိုင်ပါသည်။

Featured content

သတင်း

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှုရပ်

14/07/2020

လူသားများစာနာထောက်ထားမှုဆိုင်ရာ လုပ်သားများအနေဖြင့် မိမိတို့တိုင်းပြည်တွင် မည်သို့သော်တရားဥပဒေရှိခဲ့သော်ငြားလည်း အသက် ၁၈ နှစ်အောက်ရှိ မည်သူနှင့်မဆို လိင်ပိုင်းဆိုင်ရာဆက်ဆံခြင်းကို ခွင့်မပြုပါ။ လူတစ်ဦး၏ အသက်အမှန်ကို မသိခဲ့ပါဟု ပြောခြင်းသည် ခိုင်လုံသော ဆင်ခြေတစ်ခုမဟုတ်ပါ။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရေး ဆွေးနွေးချက်များ

04/06/2020

၂၀၂၀ ဇွန်လ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ယခုနှစ်ဆောင်ပုဒ် ကတော့ “ဒို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်ကို အချိန်မီ ထိန်းသိမ်းကြစို့” ဖြစ်ပါသည်။ 

အသွားအလာကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများနှင့် မိသားစုဝင်များ လိုက်နာရန် လမ်းညွှန်ချက်များအနှစ်ချုပ်...

01/06/2020

အသွားအလာကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများနှင့် မိသားစုဝင်များ လိုက်နာရန် လမ်းညွှန်ချက်များအနှစ်ချုပ်...

Lift မှပံ့ပိုးပေးပြီး Spectrum မှဖြန့်ဝေလျှက်ရှိသည့် Covid 19 အသွားအလာကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများနှင့် မိသားစုဝင်များလိုက်နာရန် လမ်းညွှန်ချက်များ

ကချင်ပြည်နယ်အတွင်း LPG ထောက်ပံ့ရန် တင်ဒါခေါ်ယူခြင်း

29/05/2020

ကချင်ပြည်နယ်အတွင်း LPG ထောက်ပံ့ရန် တင်ဒါခေါ်ယူခြင်း

Spectrum- Sustainable Development Knowledge Network သည် ပြည်တွင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများနှင့် ပြန်လည်နေရာချထားသည့် ဒေသများတွင် ထင်း၊မီးသွေးအစားထိုး လောင်စာအဖြစ် ဓာတ်ငွေ့ရည်ကို အသုံးပြုနိုင်ရန် အတွက်

Powered by KnowledgeArc