ကြွယ်ဝသည့် သဘာဝသယံဇာတအရင်းမြစ်များကိုပြည်သူတစ်ရပ်လုံး ခွဲဝေသုံးစွဲသင့်သည်ဟု Spectrum မှ ခံယူသည်။
Spectrum အနေဖြင့် အခွန်ဘဏ္ဍာဆိုင်ရာပွင့်လင်းမြင်သာမှု၊ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှု၊ အခွန်ကောက်ခံမှု၊ ပြုပြင်ပြောင်း လဲမှု၊ ဂုဏ်သိက္ခာတည်ဆောက်ရေးနှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စသည့်စီမံကိန်းများမှတစ်ဆင့် စီးပွားရေး တရားမျှ တမှုကို မြှင့်တင်အားပေးလျက်ရှိသည်။
မြန်မာ့သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးသည် နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် အဓိကမဏ္ဍိုင် ကြီးတစ်ရပ်ဖြစ်ကြောင်း ကျွန်ုပ်တို့မှ လက်ခံယုံကြည်ထားသည်။ ဤအဖိုးထိုက်အဖိုးတန် သယံဇာတအရင်းအမြစ်များကို စီမံ ခန့်ခွဲရာ၌ လူတိုင်းပါဝင်ခွင့်ရှိရမည်။ သို့မှသာ အဆိုပါအရင်းအမြစ်များကို အသုံးပြုမှု၊ ဖြုန်းတီးမှုနှင့် ဆုတ်ယုတ်ပျက်စီးမှု၊ သို့မ ဟုတ် တန်ဘိုးထားမှု၊ ထိန်းသိမ်းမှုနှင့် ငွေသားကဲ့သို့သော အခြားအရင်းအမြစ်များအဖြစ် ပြောင်းလဲမှု စသည်တို့အပေါ် သက် ရောက်လွှမ်းမိုးနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ Spectrum မှ သယံဇာတအရင်းအမြစ်များကို တန်းတူညီမျှ တရားမျှတမှုရှိရှိ ခွဲဝေသုံးစွဲခြင်းဖြင့် ဒေသခံအသိုက်အ ၀န်းများနှင့် လူ့ဘောင်အသိုက်အ၀န်းတစ်ရပ်လုံး၏ ဘ၀များကို မြင့်မားတိုးတက်လာစေနိုင်သည် ဟူသည့်အသိအမြင်ဗဟု သုတများကို တစ်စိုက်မတ်မတ်ဖြန့်ဝေပေးနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံ၏ သယံဇာတအရင်းအမြစ်များကို အသုံးပြုမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခွဲဝေသုံးစွဲမှုတို့နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ လူထုပူးပေါင်းပါဝင်မှု မြင့်မား တိုးတက်လာစေလိုသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့မှ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည်သူလူထုများနှင့် လက်တွဲ၍ အုပ်ချုပ်ရေးပုံစံနှင့် စနစ်များ ပိုမိုပွင့်လင်းမြင်သာမှုရှိလာစေရန်နှင့် တာဝန်ခံမှု မြင့်မားတိုးတက်လာစေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ကျွန်ုပ်တို့အနေဖြင့် နိုင်ငံ၏ အနာဂတ်လားရာကို တည့်မတ်ရာ၌ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် ပြည်သူလူထုများအား ပံ့ပိုးအားဖြည့်ရန်နှင့် အပြည့်အ၀ရွေးချယ်ခွင့်ရရှိလာအောင် ဆောင်ရွက်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။