မြန်မာနိုင်ငံသည် အဖိုးအနဂ္ဂထိုက်တန်သည့် ကျောက်မျက်ရတနာများမှသည် အဖိုးတန်သတ္တုများ၊ ပသာဒပြည့်စုံသည့် သစ် တောများ၊ အသက်ဆက်မြစ်ကြောင်းစနစ်များနှင့် ကမ္ဘာ့အသက်တမ်းအရင်ဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများထိ သ ဘာဝသယံဇာတ အရင်းအမြစ်များ အလျှံပယ်ပေါကြွယ်ဝသည့် တိုင်းပြည်တစ်ခုဖြစ်သည်။
ထိုကဲ့သို့သော ကောင်းကျိုးချမ်းသာများသည် ကြီးမားသည့်တာဝန်ယူမှုနှင့် ဒွန်တွဲလျက်ရှိသည်။ သို့ဖြစ်၍ အဆိုပါအဖိုးထိုက် အဖိုးတန်သယံဇာတအရင်းအမြစ်များကို တာဝန်ယူမှုရှိရှိဖြင့် စီမံခန့်ခွဲရန် အလွန်အရေးကြီးသည်။ အခွန်ဘဏ္ဍာပွင့်လင်းမြင် သာမှုကို မြှင့်တင်ခြင်းဖြင့် သဘာဝသယံဇာတအရင်းအမြစ်များမှ ထွက်ပေါ်လာသည့် စီးပွားရေးအခွင့်အလမ်းများသည် မြန် မာနိုင်ငံသူနိုင်ငံသားများအတွက် အကောင်းဆုံးအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း Spectrum မှ လက်ခံယုံကြည်သည်။
အခြား သယံဇာတအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း သယံဇာတအရင်းအမြစ် ထုတ်ယူရေး လုပ်ငန်းများမှ ငွေကြေးအမြောက်အများ ရရှိလျက်ရှိသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ရေအား လျှပ်စစ်စွမ်းအင်နှင့် သစ်တောလုပ်ငန်းများမှ ရရှိသည့် ၀င်ငွေများသည် နိုင်ငံတော်နှင့် ပြည်သူ့ဘဏ္ဍာငွေတို့၏ အဓိက၀င်ငွေ စီးကြောင်းများဖြစ်သည်။ မြန်မာနိုင်ငံ၏ သယံဇာတအရင်းအမြစ်များသည် ပြည်သူလူထုတစ်ရပ်လုံးနှင့် သက်ဆိုင်မှုရှိသဖြင့် သယံဇာတအရင်းအမြစ် ထုတ်ယူရောင်းချရာမှ ရရှိသည့်ဝင်ငွေနှင့် သုံးစွဲမှုဆိုင်ရာ သတင်းအချက်အလက်များကို ရှင်းရှင်း လင်းလင်းဖြင့် အချိန်နှင့်တစ်ပြေးညီ ရရှိရန်လိုအပ်သည်။
Spectrum အနေဖြင့် ကောင်းမွန်သည့် အုပ်ချုပ်စီမံမှုနှင့် ထိရောက်သည့် ကြီးကြပ်ဦးစီးမှုတို့နှင့် ပတ်သက်၍ အခွန်ဘဏ္ဍာ ပွင့်လင်းမြင်သာမှုရှိရန် မဖြစ်မနေလိုအပ်သည်။ သို့ဖြစ်၍ သယံဇာတတူးဖော်ရေး တန်ဘိုးကွင်းဆက်ကြီးတစ်ရပ်လုံး၌ ထင်သာ မြင်သာရှိရှိဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်များနှင့် အတူတကွ လက်တွဲဆောင်ရွက်လျက် ရှိသည်။ ယင်းတို့၌ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြားမှ လိုင်စင်ချပေးမှု၊ သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု၊ အခွန်ဘဏ္ဍာ ကောက်ယူမှု၊ စီမံခန့်ခွဲမှုနှင့် ခွဲဝေအသုံးပြုမှု၊ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် လူထုဝန်ဆောင်မှုပေးသည့် လုပ်ငန်းများပါဝင်သည်။ ကျွန်ုပ်တို့အနေဖြင့် ပွင့်လင်းမြင်သာမှုသည် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ တာဝန်ခံမှုကို မြင့် တက်လာစေခြင်းသဖြင့် လူတိုင်းအကျိုးကျေးဇူးရရှိစေကြောင်း အခိုင်အမာလက်ခံယုံကြည်သည်။
ထိုသို့ဖြစ်လာစေရန် မည်သို့လုပ်ဆောင်ရမည်နည်း။ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်ကို သဘာဝသယံဇာတအရင်းအမြစ်ပဋိဥာဉ် မူ၊ သယံဇာတကျိန်စာဆိုင်ရာ အရေးကိစ္စများနှင့် ပတ်သက်သည့် နိုင်ငံတကာရှုထောင့်၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ သယံဇာတအရင်းအမြစ်လုပ်ငန်းများ ပွင့်လင်းမြင်သာရှိရေး(EITI) လုပ်ငန်းစဉ်များအပေါ် အခြေပြုရေးဆွဲထားခြင်းဖြစ်သည်။
ကျွန်ုပ်တို့အနေဖြင့် အခွန်ဘဏ္ဍာပွင့်လင်းမြင်သာရေးသည် ပြည်သူ့ငွေကြေးစီမံခန့်ခွဲမှုအပေါ် လူထု၏ ယုံကြည်မှုတည်ဆောက် ရာ၌ အလွန်အရေးပါလျက်ရှိသည့် ပထမခြေလှမ်းတစ်ရပ်ဖြစ်သည့်အပြင် ပြည်သူ့ဘဏ္ဍာအတွက် အမျိုးသားအရအသုံးငွေစာ ရင်းများကိုလည်း ခိုင်မာမှုရှိစေကြောင်း ယုံကြည်ပါသည်။