သယံဇာတ ကျိန်စာဖြစ်ရိုးဖြစ်စဉ်
၂၀၀၃ ခုနှစ်က Financial Times သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် သယံဇာတကျိန်စာနှင့် ပတ်သက်ပြီး အထူးတင်ပြခဲ့သည်။
Read more..."Resources - Rights - Justice"
ရေနံ၊ဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးကဲ့သို့သော စက်မှုလုပ်ငန်းများသည် ကုမ္ပဏီများနှင့် အစိုးရများအတွက် ဝင်ငွေပမာဏများစွာကို ထုတ်လုပ်ပေးလျက်ရှိသည်။ ၄င်းဝင်ငွေတို့သည် တစ်နည်းအားဖြင့် နိုင်ငံသားတို့၏ ဘဝအဆင့်အတန်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြည်းပေးနိုင်သည်။
သို့သော်လည်း တကယ်တမ်းတွင်မူ သယံဇာတထုတ်လုပ်မှုမှ ရရှိသော ဝင်ငွေတို့သည် စီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးမှုတို့ကို ဖန်တီးပေးမည့်အစား မကြာခဏဆိုသလို ပဋိပက္ခများ၊ အကျင့်ပျက်ခြစားမှုများ၊ ဆင်းရဲ နွမ်းပါးမှု များကိုသာ ဖိတ်ခေါ်လျက်ရှိကြောင်းတွေ့ရပေမည်။ ဤဖြစ်ရပ်ကို သယံဇာတကျိမ်စာ (သို့) ပေါကြွယ်ဝမှု ဝိရောဓိ ဟူ၍ သိရှိထားကြသည်။
ထိုအသုံးအနှုန်းသည် သယံဇာတပေါကြွယ်ဝသော နိုင်ငံများအနေနှင့် စီးပွားရေး၊ ဖွံ့ဖြိုးရေးရလာဒ်များ တိုးတက်လာရမည့်အစား အခြားသယံဇာတချို့တဲ့သော နိုင်ငံများထက် များစွာ ဆုတ်ယုတ် နိမ့်ကျသွားတက် သည့် ဆန့်ကျင်ဘက် အကြောင်းတရားကို ရည်ညွှန်းလိုခြင်းဖြစ်သည်။
ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းတစ်ရပ်မှာ ၄င်းသယံဇာတပေါကြွယ်ဝသော နိုင်ငံများအနေနှင့် သယံဇာတအရင်းအမြစ်ကဏ္ဍတွင်သာ(ရေနံ၊ဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးတွင်သာ) အာရုံစိုက်ပြီး အခြားသော ကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုမရှိ၍ ဖြစ်သည်။ သုတေသန ရလာဒ်များက ပြဆိုနေသည်မှာ ထိုသယံဇာတ ကျိမ်စာသင့်နေသော တိုင်းပြည်များသည် မြန်မာနိုင်ငံကဲ့သို့ သယံဇာတကြွယ်ဝသော်လည်း နိုင်ငံရေးအဆောက်အအုံ အားနည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ကြကြောင်း သိရှိရခြင်းဖြစ်သည်။
စီးပွားရေးတိုးတက်မှု မရှိခြင်းနှင့်အတူ သင့်လျှော်ကောင်းမွန်သော သယံဇာတအရင်းအမြစ်ဆိုင်ရာ အခွင့်အရေးများ၊ မူဝါဒများ၊အခြေခံမူဘောင်များ မရှိခြင်း၊ ဝင်ငွေကို မျှတစွာ ခွဲဝေသုံးစွဲမည့် နည်းလမ်းကောင်း များ မရှိခြင်းက အစိုးရ၏ အကျင့်ပျက်ခြစားမှုများ၊ လူထုအတွင်း ပဋိပက္ခများ၊ဆင်းရဲနွမ်းပါးမှုများကိုသာ မွေးမြူပေးမည်ဖြစ်သည်။
ကျွန်ုပ်တို့ Spectrum အဖွဲ့က ယုံကြည်ထားသည်မှာ သယံဇာတဝင်ငွေများကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ခံမှုရှိရှိ စီမံခန့်ခွဲနိုင်ခြင်းသည် သယံဇာတကျိမ်စာသင့်မှုအတွက် ကုထုံးအဖြေ တစ်ခုပင်ဖြစ်သည်။ သို့မှသာ မြန်မာနိုင်ငံ၏ သယံဇာတကြွယ်ဝမှုကို လူ့အသိုက်အဝန်းအားလုံးက မျှတစွာ ခွဲဝေ ခံစားနိုင်မည်ဖြစ်သည်။
၂၀၀၃ ခုနှစ်က Financial Times သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် သယံဇာတကျိန်စာနှင့် ပတ်သက်ပြီး အထူးတင်ပြခဲ့သည်။
Read more...ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ရင်းနှီးမြှပ်နှံသူများ၏ ယုံကြည်မှု နှင့် အန္တရာယ် တို့အတွက် သယံဇာတမှ ရရှိသည့် ဝင်ငွေခွဲဝေခြင်းက အလွန်အရေးပါသည်။
Read more...Powered by KnowledgeArc