သယံဇာတ ကျိန်စာဖြစ်ရိုးဖြစ်စဉ်
၂၀၀၃ ခုနှစ်က Financial Times သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် သယံဇာတကျိန်စာနှင့် ပတ်သက်ပြီး အထူးတင်ပြခဲ့သည်။
"အတိတ်ကာလကကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ပြည်မှာ ရေနံတွင်းတစ်တွင်း တွေ့ရတာဟာ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေလည်းဖြစ်လာနိုင်ပါတယ်ဆိုတာကို ခေါင်းဆောင်တွေအတွက် ဖြည့်စွက်သက်သေပြခဲ့ပြီးဖြစ်ပါ တယ်။
အခွန်ဘဏ္ဍာငွေအပေါ် မှီခိုဖို့မလိုတော့တဲ့အခါမှာ တာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ ပြည်သူလူထုအပေါ်မှာ တာဝန်ခံယူမှု လျော့နည်းလာပါတယ်" ဟု ဖော်ပြခဲ့သည်။
သယံဇာတမျိုးစုံကို ကုန်သွယ်ခြင်းဖြင့် အစပျိုးနိုင်သည့် စီးပွားရေးလုပ်ငန်း အစိတ်အပိုင်းအားလုံး၏ အကျိုးကျေးဇူးထက် ဆိုးကျိုးဖြစ်စေသည့် အကြောင်းတရားက ပိုများကြောင်း သိရှိလာကြသည်။ သဘာဝသယံဇာတကျိန်စာကို စီးပွားရေး သဘာဝဖြစ်စဉ်အဖြစ် ရည်ညွန်းကိုးကားကြပြီး ပေါများမှု၏ ၀ိရောဓိများ သို့မဟုတ် ဒတ်ခ်ျရောဂါဟုလည်း ခေါ်ဝေါ်ကြသည်။
သယံဇာတကျိန်စာသင့်ခြင်း၏ ပုံမှန်အကျိုးသက်ရောက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။သယံဇာတရှာဖွေမှု သို့မဟုတ် သယံဇာတထုတ်ယူမှု စတင်ခြင်း
၂။ ငွေကြေးတန်ဖိုးမြင့်တက်လာခြင်း၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုမတည်ငြိမ်ခြင်းကြောင့်တိုင်းပြည်အတွင်း အခြားသောပို့ကုန်များအတွက် အခွင့်အလမ်းများပိုမိုခက်ခဲလာခြင်း၊ အခြားပို့ကုန်များ ကျဆင်းလာခြင်း
၃။ အများပြည်သူများ၏ ကြွေးမြီတိုးတက်လာခြင်းနှင့် အချို့ကဏ္ဍများတွင် လုပ်အားခများ မြင့်တက်လာခြင်း၊ အများပြည်သူ အသုံးစားရိတ်များက ချင့်ချိန်သုံးစွဲနိုင်သည့် အနေအထားထက် ပိုမိုတိုင်းမြှင့်အသုံးပြုနေရခြင်း သို့မဟုတ် အရင်းအမြစ်ကြွယ်ဝခြင်းတို့ကြောင့် ကျွန်ပ်တို့ ချမ်းသာသည်ဟု ယူဆကြသည်။ သယံဇာတပေါကြွယ်ဝမှုကို အခြေခံထားသည့်အတွက် အခွင့်အလမ်းရရှိစေရန်အတွက် အဂတိလိုက်စားမှုများ တိုးတက်များပြားလာခြင်းနှင့် ကဏ္ဍတိုင်းတွင် ၄င်းလဘ်ပေးလက်ယူမှုများ ဖြစ်ပေါ်ခြင်းစသည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။
၎။ အစိုးရ၏ တာဝန်ခံယူမှု အားနည်းလာသည်။
၅။ လူသုံးကုန်ပစ္စည်းဈေးနှုန်းမတည်ငြိမ်မှုများကြောင့် အစိုးရ၏အခွန်ဘဏ္ဍာစနစ်တွင် ယိုယွင်းမှုများ ဖြစ်ပွားလာနိုင်သည်။ ဆိုလိုသည်မှာအစိုးရပေးရမည့်ဝန်ဆောင်မှုများမှာ မျှော်လင့်ထားသကဲ့သို့မဆောင်ရွက် ပေးနိုင်ခြင်းဖြစ် သည်။
၆။ အဘက်ဘက်မှ လွှမ်းခြုံလာသည့် အကျိုးသက်ရောက်မှုများကြောင့် မကျေနပ်မှုများနှင့် ပဋိပက္ခများကို ပိုမိုဆိုးရွားလာစေနိုင်သည်။
သယံဇာတထုတ်လုပ်ခြင်းမဟုတ်သည့် အခြားစက်မှုကုန်ထုတ်လုပ်ငန်းများ အားနည်းချို့ယွင်းလာခြင်း၊ ငွေကြေးသုံးစွဲမှု မတည်ငြိမ်တော့ခြင်းနှင့် ငွေကြေးသုံးစွဲသည့် ပုံသဏ္ဍာန်များပြောင်းလဲလာခြင်း၊ အကြွေးပမာဏ မြင့်တက်လာခြင်း၊ အစိုးရ၏ တာဝန်ခံယူမှုထိခိုက်လာခြင်း၊ အဂတိလိုက်စားမှုမြင့်တက်လာခြင်းအပြင် ပဋိပက္ခများတိုးတက်လာခြင်းစသည်တို့သည် အဘက်ဘက်မှလွှမ်းခြုံသည့် သက်ရောက်မှုများပင်ဖြစ်သည်။
အဘက်ဘက်မှ လွှမ်းခြုံသည့် သက်ရောက်မှုများသည် နိုင်ငံသားအားလုံးအတွက် ဆိုးရွားသည့် ရလာဒ်များဖြစ်လာပြီး၊ ထိုရလာဒ်များအစဉ်အတွဲလိုက်မဖြစ်ပေါ်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်လို အပ်သည်။
သဘာဝအရင်းအမြစ် ပဋိဥာဉ် စာတမ်းအခြေခံမူနှင့် EITI တို့ကို အစပျိုးလျှောက်ထားခြင်းက ထင်ရှားသည့် ပြဿနာအစအဆုံးအတွက် မှန်ကန်သော အကူအညီများဖြစ်သည်။