မြေယာအစီအစဉ်ချမှတ်မှု
မြေယာအသုံးပြုမှု အစီအမံအတွက် နိုင်ငံတကာ၌ စံအမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။
Read more..."Resources - Rights - Justice"
ကမ္ဘာ့အတိုင်းအတာအရ နိုင်ငံရေးအဆောက်အအုံအားနည်းပြီး နိုင်ငံရေးချိန်ခွင်လျှာညီမျှမှုမရှိသည့် နိုင်ငံများတွင် သယံဇာတ အရင်းအမြစ်ကြောင့် ဖြစ်ပွားသည့် နိုင်ငံရေးပြဿနာများ ပေါ်ပေါက်လေ့ရှိသည်။
မြန်မာနိုင်ငံသည်လည်း သယံဇာတအရင်းအ မြစ်များ အလျှံပယ်ကြွယ်ဝသည့် တိုင်းပြည်တစ်ခုဖြစ်သည်။
အလွန်တ ရာလှပသည့် ကျောက်မျက်ရတနာများနှင့် အဖိုးတန် သတ္တုများမှသည် ပသာဒပေါင်းစုံဖြင့် ပနံရသည့် သစ်တောကြီး များ၊ အသက်သွေးကြောသဖွယ်ဖြစ်နေသည့် မြစ်ကြောင်းစနစ်များနှင့် ကမ္ဘာ့ရှေးအကျဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း များ တည်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့သော် ထိုကဲ့သို့သော ကံကောင်းခြင်းများသည် ကြီးမားသည့် တာဝန်ယူမှုများ နှင့် ဒွန်တွဲလျက်ရှိသည်။ အနာဂတ်မျိုးဆက်များအတွက် အဆိုပါ အဖိုးတန်အရင်းအမြစ်များကို တာဝန်ယူမှုရှိရှိဖြင့် စီမံခန့်ခွဲရန် လိုအပ်သည်။
သယံဇာတအရင်းအမြစ်စီမံခန့်ခွဲမှု၊ မြေယာစီမံခန့်ခွဲမှု၊ မြေယာအသုံးချမှုအစီအမံနှင့် မြေယာအသုံးပြုမှုပုံစံအမျိုးမျိုးမှ ထွက်ပေါ် လာသည့် သက်ရောက်ထိခိုက်မှုများကို စီမံခန့်ခွဲမှုသည် အလွန်အရေးကြီးသည်။ ထိုသို့ စီမံခန့်ခွဲခြင်းသည် သဘာဝပတ်ဝန်း ကျင်နှင့် သယံဇာတအရင်းအမြစ်များ၏ အနာဂတ်ထုတ်လုပ်နိုင်စွမ်းကို ဆက်လက်တည်မြဲနေစေပြီး ရေရှည်တည်တံ့ခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်လာစေသည့်အပြင် အနာဂတ်လိုအပ်ချက်များကို ထိခိုက်စေခြင်းမရှိပဲ လက်ရှိလိုအပ်ချက်များကို ပြည့်မှီစေပါ လိမ့်မည်။
Powered by KnowledgeArc