ရာသီဥတုပြောင်းလဲမှု
ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာခြင်းက ကျွန်ပ်တို့နေထိုင်သည့် ကမ္ဘာကြီးကို အကြီးအကျယ် ခြိမ်းခြောက်နေသည်။
ရာသီဥတုပြောင်းလဲမှုလျင်မြန်လာခြင်းသည် အဆင်းရဲဆုံးနှင့် အင်အားအနည်းဆုံး လူ့အဖွဲ့အစည်းကို အပြင်းထန်ဆုံးရိုက်ခတ်သည်။
ပထဝီအနေအထားနှင့် ရာသီဥတုကွဲပြားခြားနားသည့် နေရာများသည် ရာသီဥတုပြောင်းလဲမှုအစွန်း ရောက်ပုံကွာခြားသည်ကို တွေ့ကြုံခံစားရမည်ဖြစ်သောကြောင့် ဒဏ်ခံနိုင်သည့် ဖွဲ့စည်းပုံကို နည်းလမ်းတစ်ခုအဖြစ် တောင်းဆိုသည်။ ဥပမာအားဖြင့်… မြန်မာပြည်အလယ်ပိုင်းရှိ ပူပြင်းခြောက် သွေ့သည့် ဒေသတွင် ရာသီဥတုအစွန်းရောက်မှုကို ပြင်းထန်စွာခံစားရပြီး မိုးစတင်ရွာရန် နောက်ကျလေ့ရှိသည်။ ထို့အပြင် မိုးရေချိန်လက်မလည်း နည်းလေ့ရှိပြီးသာမန်အပူချိန်ထက် ပိုပူပြင်း လေ့ရှိသည်။ မုတ်သုန်မိုးတွင်းကာလသည် တိုတောင်းပြီး မိုးနည်းလေ့ရှိသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းမြှောင်ဒေသတွင် ဆိုက်ကလုံးမုန်တိုင်းဝင်ရောက်မှု အကြိမ်အရေအတွက် တိုးမြင့်လာပြီး ပိုမို အားပြင်းသည့် မုန်တိုင်းများတိုက်ခတ်သည်။ ဒီရေတက်ခြင်းများလည်းဖြစ်နိုင်ခြေရှိပြီး ရေချိုရရှိမှုလျော့နည်းလာခြင်းများလည်း ဖြစ်လာသည်။
ကာလရှည်ကြာစွာ ရာသီဥတုပြောင်းလဲမှု ပြင်းထန်ခြင်းက လူမှုအဖွဲ့အစည်းများအပေါ် ပိုမို သက်ရောက်မှုများ ဖြစ်ပွားလာသည်။
- ပြင်းထန်သည့် ရာသီဥတုပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ရလာဒ်အဖြစ် အသက်သေဆုံး မှုများတိုးပွားလာခြင်း နှင့် နေအိမ်အပါအဝင် နေထိုင်နိုင်သည့် အဆောက်အဦများပျက်စီးရခြင်း
- မြစ်ရေတင်ပစ္စည်းကိရိယာများပျက်စီးခြင်း၊ ရေတွင်းများနစ်မြုပ်ခြင်း၊ ရေနှင့်ရေအရင်းအမြစ်အပေါ် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကြောင့် ရေအရည်အသွေးထိခိုက်ခြင်း
- ရေချိုရှာဖွေရန်အတွက် အထူးသဖြင့် ထိခိုက်လွယ်သည့် အမျိုးသမီးများနှင့် ကလေးသူငယ်များ သည် အလုပ် ပိုလုပ်လာရသည်။ ရေချိုရှာဖွေရန် အချိန်များစွာအသုံးပြုရသဖြင့် ကလေးများသည် ပညာသင်ကြားရန်အချိန်လျော့နည်းလာသကဲ့သို့ အမျိုးသမီးများသည်လည်း အသက်ရှင်ရပ်တည်နိုင် ရန်အတွက် ဝင်ငွေရရှိသည့် အလုပ်လုပ်ကိုင်ရန် အချိန်လျော့နည်းသွားသည်။ လမ်းလျောက်ရသည့် အကွာအဝေးများပြားလာသည့်အတွက် အကြမ်းဘက်ခံရခြင်းနှင့် မတရားအကျင့်ခံရခြင်းအန္တရာယ်များ လည်း ပိုမိုတိုးတက်လာခြင်း
- အခြေခံအဆောက်အဦ ဖြစ်သည့် တံတား သို့မဟုတ် လမ်း ၊ လှေများပျက်စီးခြင်းကြောင့် ဈေး ကွက် အခွင့်အလမ်းလျော့နည်းလာခြင်း
- ကြိုတင်ခန့်မှန်းထားသည့် အတိုင်း ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခဲ့သည့်အတွက် မြစ်ဝကျွန်းပေါ်ဒေသရှိ ရေထုထည်အတွင်းသို့ ဆားငံရေများဝင်ရောက်ခဲ့ခြင်း၊ မြစ်ကမ်းနဖူးကို ရေတိုက်စားခြင်းကြောင့် မြစ်ပြင် ပြောင်းလဲသွားပြီး ရေချိုထုထည်လျော့နည်းသွားခြင်း
- အပူချိန်မြင့်တက်လာခြင်းနှင့် မိုးခေါင်ခြင်းတို့ကြောင့် ရေလိုအပ်မှုပိုမိုလာခြင်း နှင့် ရေပြတ်လပ်မှု မြင့်တက်လာနိုင်ခြင်း
- ရေလွှမ်းမိုးမှုကြောင့် နှုန်းမြေအနည်ကျသည့်အတွက် သောက်သုံးရေရရှိမှုလျော့နည်းလာခြင်း
- ပင်လယ်ရေတိုက်စားခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းတို့ကြောင့် ရေချိုတွင် ဆား ငံရေများဝင်ရောက်လာခြင်း၊ မြေဆီလွှာ၊ စိမ့်မြေ နှင့် မြစ်ဝများကို ဆားငံရေ ဖုံးလွှမ်းသွားခြင်း၊ ရေလွှမ်းမိုးခြင်း၊ ဒီရေတက်ခြင်း စသည့် တို့ကြောင့် သောက်သုံးရေကို ထိခိုက်နိုင်သည်။
- ရေမျက်နှာပြင်အပူချိန်မြင့်တက်လာမှုကြောင့် ရေအရည်အသွေးယိုယွင်းပျက်ဆီးမှုများ ဖြစ်သည့် ပိုးမွှားများ တိုးပွားလာခြင်း၊ ရေမှော်ပင်များ ရှင်သန်ပေါက်ဖွားလာခြင်း၊ ရေ၏ အရောင်၊ အနံ၊အရသာ၊ သန့်ရှင်းမှုများဆိုးရွားလာခြင်းတို့ ဖြစ်ပေါ်နိုင်ခြင်း
ရှေ့ပြေးလူမှုအသိုင်းအဝိုင်းနှင့် လိုက်လျောညီထွေမှုရှိသည့်အစီအစဉ်ကို Spectrum ၏ ခိုင်မာ တောင့်တင်းသည့် မဟာဗျူဟာအဖြစ် အသုံးပြုမည်။ ခိုင်မာတောင့်တင်းသည့် အဆောက်အဦများ အတွက် ကိုယ်ပိုင်လိုအပ်ချက်များနှင့် အတူ ပို၍ကျယ်ပြန့်သော လူမှုအဖွဲ့အစည်းများက ဆုံးဖြတ်ရန်၊ ဆောင်ရွက်ရန်နှင့် အံဝင်ခွင်ကျ စီမံထားနိုင်ရန် လိုက်လျောညီထွေမှုရှိသည့် သက်ရောက်မှုနှင့် ရွေးချယ်ပိုင်ခွင့် တို့ကို မဟာဗျူဟာ၏ ကနဦးအညွန်းအဖြစ် လမ်းညွန်ပါသည်။