မြေယာအစီအစဉ်ချမှတ်မှု
မြေယာအသုံးပြုမှု အစီအမံအတွက် နိုင်ငံတကာ၌ စံအမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။
အောင်မြင်မှုရရှိခဲ့သည့် စံများ၏ အခြေခံ တူညီမှုရှိသည့် သဘောတရားတစ်ခုမှာ ကဏ္ဍပေါင်းစုံ ချဉ်းကပ်လုပ်ဆောင်မှုနည်းလမ်းများနှင့် ကဏ္ဍစုံမှ ပတ်သက်ပါဝင်သူ များ၏ ပူးပေါင်းပါဝင်မှုရှိခြင်းပင်ဖြစ်သည်။
မြေယာအသုံးပြုမှုအစီအမံနှင့် ပြောင်းလဲဖော်ဆောင်ရာ၌ သာမက သယံဇာတနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များ၌ ပွင့်လင်းမြင်သာမှုမရှိခြင်းသည် သဘာဝသယံဇာတအရင်းအမြစ် ခွဲဝေနေရာချရာ၌ လူထုအပေါ် အစိုးရ၏ တာဝန်ခံမှု ကို အားနည်းသွားစေသည်။ သယံဇာတအရင်းအမြစ်များကို လွှဲပြောင်းရာ၌ ပြည်သူ့ငွေကြေးအတွက် ပြည့်ဝမျှတသည့်တန်ဘိုး အာမခံသည် ရင်းနှီးမတည်ငွေတစ်ခုတည်းမဟုတ်ဘဲ အနာဂတ်မျိုးဆက်များအတွက် သဘာဝ(နှင့် လက်ရှိအသက်မွေးဝမ်း ကျောင်း)ကို ထိန်းသိမ်းထားရှိမှုကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ အစိုးရသတင်းအချက်အလက်များ ကင်းမဲ့မှု သည် သယံဇာတထိန်းကွပ်မှုနှင့် မြေပိုင်ရှင်များ၊ အသုံးပြုသူများ၏ အခွင့်အရေးအတွက် မူဝါဒပြောင်းလဲရေး စည်းရုံးလှုံ့ဆော် ရာ၌ မကြာခဏဆိုသလို အဟန့်အတားဖြစ်စေသည်။
ှSpectrum အနေဖြင့် သတင်းအချက်အလက်များ လက်လှမ်းမီနိုင်မှု တိုးတက်လာစေရန်နှင့် မြေယာအသုံးပြုမှုအစီအမံဆိုင်ရာ ဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရန် အတတ်နိုင်ဆုံး ချဉ်းကပ်လုပ်ဆောင်လျက်ရှိသည်။ အောက်ပါလုပ်ဆောင် ချက်များအားဖြင့် ဆောင်ရွက်သွားရန် ရည်ရွယ်လျက်ရှိသည်။
• တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းအပါအ၀င် လက်ရှိသယံဇာတအရင်းအမြစ်စီမံကိန်းများ၌ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် အဖွဲ့များ၏ ရှုထောင့်ပေါင်းစုံမှ ကောက်ယူထားသည့် အချက်အလက်များကို အတူတကွပေါင်းစည်းခြင်း၊
• ဖွံ့ဖြိုးရေးလမ်းကြောင်းပုံစံများကို ရေးဆွဲဖော်ထုတ်၍ ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ခြင်း
• သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဖုံးလွှမ်းမှုကို စောင့်ကြည့်လေ့လာခြင်း
• ရပ်ရွာလူထုများကို ရွှေ့ပြောင်းနေရာချမှု၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးနှင့် သဘာဝထိန်းသိမ်းစောင့် ရှောက်ရေးအစီအစဉ်များနှင့် ဆက်စပ်လျက်ရှိသည့် မြေယာအသုံးပြုမှုကို စောင့်ကြည့်လေ့လာခြင်း။
လက်လှမ်းမီရရှိနိုင်သည့် သတင်းအချက်အလက်များကို အသုံးပြုခြင်း၊ ကောက်ယူရရှိသည့် သတင်းအချက်အလက်များကို ဖြန့်ဝေခြင်းနှင့် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် လက်ရှိအခြေအနေ ကို တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်သည်။ သတင်းအချက်အလက်များကို စီမံရာ၌ အစိုးရ စာရွက်စာတမ်းများ၊ ၀န်ကြီးဌာနအသီးသီး၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်သည့် မြေပုံများ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စာရွက်စာတမ်းများ၊ ထိခိုက်မှု လေ့လာဆန်းစစ်ချက်များ၊ မီဒီယာထုတ်ပြန်ချက်များ၊ ကွင်းဆင်းလေ့လာဆန်းစစ်ခြင်း ကဲ့သို့သော သတင်းအချက်အလက်များကို ထည့်သွင်းပေါင်းစပ်ခြင်းအားဖြင့် မျက်မှောက်မြေယာခွဲဝေနေရာချထားမှုနှင့် အသုံး ပြုမှုကို ထင်ဟပ်ပေါ်လွင်စေသည့် ယုံကြည်အားထားနိုင်သော သတင်းအချက်အလက်များကို စုစည်းပေါင်စပ်နိုင်သည့် အခွင့် အလမ်းများ ပေါ်ပေါက်လာစေသည်။
ပီရူးနိုင်ငံ၏ ဂေဟဗေဒနှင့် စီးပွားရေးဆိုင်ရာ ပိုင်နက်နယ်မြေသတ်မှတ်မှု အမိန့်ထုတ်ပြန်ချက်(ZEOTT) စနစ်ကဲ့သို့သော မြေ ယာအသုံးပြုမှု အစီအမံဆိုင်ရာ စံနှုန်းများသည် ကျွန်ုပ်တို့၏ လုပ်ငန်းအတွင်း အထူးအလေးထားသည့် ကဏ္ဍရပ်ဖြစ်ပြီး မြန်မာ နိုင်ငံ၏ LAUSC (မြေယာအသုံးပြုမှု ခွဲဝေနေရာချထားရေးနှင့် စုံစမ်းစစ်ဆေးရေးကော်မတီ) စနစ်များအတွက် များစွာ သင်ခန်း စာ ရရှိစေသည်။ အရေးအကြီးဆုံး အချက်တစ်ချက်မှာ မြေယာအသုံးပြုမှုမှ အပြုသဘောဆောင်သည့် "အကောင်းဆုံး" ဖွံ့ဖြိုး ရေး ဦးတည်ချက်ကို မည်သို့ဖန်တီးပေးနိုင်ကြောင်း စိတ်ကူးအကြံဥာဏ်များ ရှိနေသည့် ကဏ္ဍအမျိုးမျိုးမှ ပတ်သက်ပါဝင်လျက် ရှိသူများ၏ အမြင်သဘောထားများကို ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်။