ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့၏ အခန်းကဏ္ဍသည် အထူး အရေးကြီးသည်။ လွန်ခဲ့သည့် နှစ်ပေါင်း၁၀၀ ကျော်ကတည်းက ထုတ်ယူသုံးစွဲခဲ့ကြသည့် သမိုင်းကြောင်းနှင့်အတူ သဘာဝဓါတ်ငွေ့ အမြောက်အများ ရှိနိုင်သည့် မြန်မာနိုင်ငံအတွက် တောက်ပသည့်အနာဂတ်များလည်း ရှိသည်။
စွမ်းအင်ရောင်းချခြင်းဖြင့် ဝင်ငွေရရှိခြင်း၊ ပြောင်းရွှေ့နိုင်သည့် စွမ်းအင်အရင်းအမြစ်များကို ထောက်ပံ့ပေးခြင်းနှင့် ကုန်ထုတ်လုပ်ငန်းများက ကျွမ်းကျင်လုပ်သားများကို အသုံးပြုခြင်းအပါအဝင် ထုထည်ကြီးမားသည့် အမျိုးသားအကျိုးစီးပွားအဖြစ် စက်မှုလုပ်ငန်းကို ထောက်ပံနိုင်သည်။ မကြာမီက ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများတွင် အောက်ပါတို့ ပါဝင်သည်။
- ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက် ၃၆ ခုတွင် တင်ဒါလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်ခြင်း။
- စက်မှုကုန်ထုတ်လုပ်ငန်းများတွင် Extractive Industries Transparency Initiative (EITI) ကို အကောင်အထည်ဖော်ဆောင်မှုက အဓိကလုပ်ငန်းစဉ်အဖြစ်ပါဝင်ခြင်း။
- နိုင်ငံတကာရေနံနှင့်သဘာဝဓါတ်ငွေ့ ကုမ္ပဏီများသည် သိသိသာသာများပြားတိုးပွားလာခြင်း။
- စက်မှုလုပ်ငန်းများအတွက် ကျယ်ပြန့်သည်ပထမဆုံးကဏ္ဍကို အကဲဖြတ်ချက်များ ဆောင်ရွက်ပြီးစီးခြင်း။
အတိတ်ကာလက လုပ်ငန်းလည်ပတ်အောင်ဆောင်ရွက်ရာတွင် ခွင့်ပြုပေးနိုင်သူများနှင့် ညှိနှိုင်း ဆောင်ရွက်သည့် ပုံစံကိုသာ အသုံးပြုခဲ့သောကြောင့် စက်မှုလုပ်ငန်းစုများကို ပြည်သူများ၏ ယုံကြည်မှု ကျဆင်းခဲ့သည်။ ဖြည့်စွက်ချက်အဖြစ် ပွင့်လင်းမြင်သာမှုအားနည်းခြင်း၊ ငြိမ်းချမ်းရေးနှင့် သာတူညီမျှ ရေးစသည့် ကဏ္ဍများတွင် နိုင်ငံသားများထံသို့ တိုက်ရိုက်ရောက်ရှိသည့် အကျိုးအမြတ်များ လျော့နည်း သွားကြောင်းကိုလည်း မြင်တွေ့ရသည်။
ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းအပေါ် အမျိုးသားရေးမျှော်မှန်းချက်က အလွန်ကြီးမားသည်။ ယေဘုယျအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုအသိုင်းအဝန်းကြား ပိုမိုကောင်းမွန်ထိရောက် သည့် ဆက်ဆံရေးရရှိစေနိုင်ရန်အတွက် ပွင့်လင်းမြင်သာမှုရှိရန်၊ သတင်းအချက်အလက်များ ပိုမိုရရှိစေရန် နှင့် ထိရောက်သည့် ဆက်ဆံရေးများပိုမိုလိုအပ်သည်။ ဥပမာအားဖြင့်။
- ဒေသတွင်းနှင့် နိုင်ငံအတွင်းရှိ EITI လုပ်ဆောင်နေသည့် အလုပ်အဖွဲ့များနှင့်အတူပူးပေါင်းဆောင်ရွက်ခြင်း။
- ပြည်တွင်းကို အခြေခံသော စဉ်းစားမှုများနှင့်အတူ ရပ်ရွာအဖွဲ့အစည်း၏ သတင်းအချက်အလက်များပေါ် ပိုမိုကျယ်ပြန့်စွာ အာရုံစိုက်လုပ်ဆောင်ပေးခြင်း။
- သာတူညီမျှရှိမှု၊ ထိခိုက်နစ်နာမှုများကို အလေးထားကာ လျှော်ကြေးပြသနာရပ်များ၊ အများသဘောတူညီမှုများနှင့် လူအခွင့်အရေးတို့အား အာရုံစိုက်လုပ်ဆောင်ပေးခြင်း။
သဘောတူညီထားသည့် ပွင့်လင်းမြင်သာမှုဆိုင်ရာကိစ္စရပ်များနှင့် အကျိုးအမြတ်ရှိသည့် ပိုင်ဆိုင်မှုများ သည် အတိတ်ကာလက ဆုံးရှုံးခဲ့သည့်အခြေအနေများကို ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ပိုမိုတက်ကြွသည့် ညှိနှိုင်းရေးလမ်းစဉ်ဖြင့် ချဉ်းကပ်ရန် လိုအပ်သည်ဟု Spectrum နှင့် အတူ ပူးတွဲဆောင်ရွက်နေသည့်မိတ်ဖက်အဖွဲ့အစည်းများကယုံကြည်ယူဆသည်။ရေနံနှင့်သဘာဝဓါတ်ငွေ့သည်ကွဲပြားခြားနားသည့် ပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံယူမှုဆိုင်ရာကိစ္စရပ်များအတွက်ကောင်းမွန်သောခေါင်းဆောင်မှုကိုပြသသည့် အနေအထားဖြစ်သည်။ ကျွန်ပ်တို့သည် စေ့စပ်ညှိနှိုင်းခြင်းကို ထောက်ပံ့အားပေးရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး ကူညီပေးရန်တက်ကြွစွာ ဆောင်ရွက်နေသည်။