ညစ်ညမ်းမှု/အဆိပ်အတောက်ဖြစ်မှုများ
အဏ္ဏ၀ါဇီဝဗေဒပညာရှင်နှင့် သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူ ရစ်ချယ်ကာဆန်၏ တိတ်ဆိတ်သော နွေဦး(၁၉၆၂) စာအုပ် သည် ကမ္ဘာအနှံ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများ တစ်ဟုန်ထိုးတိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။
သူမ၏ ပဟေဠိဆန် သည့် လုပ်ငန်းအတွင်း ဘေးအန္တရာယ်များပြားသည့် ဓာတုပစ္စည်းများနှင့် ဓာတုဓာတ်မြေသြဇာများ၏ ကြောက် မက်ဖွယ်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်ထိခိုက်မှုများနှင့် ပတ်သက်၍ ကမ္ဘာကြီးကို သတိပေးခဲ့သည်။
ဓာတုပစ္စည်းများ၏ လူသားကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အဆိပ်အတောက်ဖြစ်စေမှုနှင့် ပတ်သက်၍ ကမ္ဘာအ နှံ့ အသိအမြင်ဗဟုသုတများ နိုးကြားလာခဲ့သည်။ မြန်မာနိုင်ငံ၌ ထိုကဲ့သို့သော အရေးကိစ္စများ၊ ဘေးအန္တရာယ်များပြားသည့် အလ့အထများ၊ လက်ငင်းအန္တရာယ်များနှင့် ကာလရှည်ဆိုးကျိုးသက်ရောက်မှုများနှင့် ပတ်သက်သည့် အသိအမြင်ဗဟုသုတ အင်မတန် အားနည်းလျက်ရှိသည်။ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများနှင့် အလေ့အထ သာဓကများ၌
• ရွှေတူးဖော်ရာ၌ ပြဒါးအသုံးပြုမှု၊
• ရပ်ရွာအတွင်း ပလပ်စတစ် မီးရှို့မှု၊
• ယာဉ်များမှ ထွက်ရှိသည့် ညစ်ညမ်းကာဗွန်အမှုန်များ(အလွန်သေးငယ်သည့် ကာဗွန်ဖြစ်အမှုန်/ဓာတ်များ)ကို စည်းကြပ်ထိန်းကွပ်မှုမရှိခြင်း
• သင့်လျော်မှုမရှိသည့် လျှပ်စစ်ပစ္စည်းများနှင့် ဘက်ထရီများ စွန့်ပစ်မှု
• ဘေးကင်းစိတ်ချရမှုမရှိသည့် ပိုးသတ်ဆေးများ အသုံးပြုမှုနှင့် ကြော်ညာခြင်းများ ပါဝင်လျက်ရှိသည်။
သို့ဖြစ်၍ Spectrum မှ လူထုအား ရပ်ရွာတွင်းနှင့် စီးပွားရေးလုပ်ငန်းများအတွင်း အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်း များနှင့် အသုံးအဆောင်များ အသုံးပြုမှုကို ကိုင်တွယ်ဖြေရှင်းနိုင်စေရန် အဆိုပါအကြောင်းအရာများနှင့် ဘေးအန္တရာယ်ရှိသော အလေ့အထများကို စီမံကိန်းများချမှတ်၍ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆောင်ရွက်သွားရန် ရည်ရွယ်လျက်ရှိသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး၊ အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများအသုံးပြုမှုနှင့် အခြားရွေးချယ်စရာ နည်းလမ်းများ၏ အကျိုးကျေးဇူးများကို ဇောင်းပေးသည့် လူထုလှုပ်ရှားမှုများနှင့် စမ်းသပ်အစီအစဉ်များအားဖြင့် အဆိုပါ အ လေ့အထများ ပြောင်းလဲလာပြီး ရပ်ရွာတွင်းနှင့် စီးပွားရေးလုပ်ငန်းအတိုင်းအတာထိ အသိအမြင်ဖွံ့ဖြိုးတိုးတက်လာကာ သန့် စင်သည့် လုပ်ငန်း၊ "အစိမ်းရောင် စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးရေး" နည်းလမ်းများနှင့် လူထုတစ်ရပ်လုံးအတွက် ဘေးကင်း လုံခြုံသည့် အနာဂတ်တစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ယုံကြည်မျှော်လင့်ပါသည်။