REDD+
REDD+ ဆိုသည်မှာ သစ်တောများကို ရေရှည်ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် အလေးသာသော စီးပွားရေးမျှတမှုကို ဖန်တီးပေးမည့် ဆန်းသစ်သော သစ်တော အခြေပြုနည်းစနစ်တစ်ခု ဖြစ်သည်။
သစ်တောများမှ ထောက်ပံ့ပေးမည့် လူမှုစီးပွားနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများသည် နိုင်ငံများ၊လူမှုအသိုင်းအဝန်းများ၊ သစ်တောကို မှီခို အသုံးပြုနေရသူများနှင့် ဇီဝမျိုးကွဲ မျိုးစုံတို့အတွက် အကျိုးရှိစေသည်။ ထိုမျှမက သစ်တောများသည် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို လျော့ချပေးနိုင်သော အဓိက အရေးပါသည့် အရာများပင်ဖြစ်သည်။
သစ်တော သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံအနေနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ REDD+ အစီအစဉ်၏ တစ်ပိုင်းတစ်ဏ္ဍအဖြစ် ပါဝင်နိုင်စေရန် ရည်ရွယ်ထားသည်။REDD+ဆိုင်ရာ ဗျူဟာများသည် သစ်တောများအား ခုတ်လှဲရောင်းချသည့် တန်ဖိုးထက် သစ်တောများ ရှင်သန်နေအောင် ထိန်းသိမ်းသည့် တန်ဖိုးက ပိုမို မြင့်မားကြောင်း သိစေရန် လုပ်ဆောင်ထားသည့် ဗျူဟာများ ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန် သစ်တောသစ်ပင်များတွင် သိမ်းဆည်း သိုမှီးပေးထားမည့် ကာဗွန်များအတွက် ငွေကြေးတန်ဖိုး သတ်မှတ်ပေးခြင်းလည်း ပါဝင်သည်။
REDD+၏ နောက်ဆုံး လုပ်ငန်းစဉ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများကို ၄င်းတို့ထိန်းသိမ်းထားသော သစ်တောများအတွက် ထိုကာဗွန်များကို လေ့လာ အကဲဖြတ်တွက်ချက်ပြီးပါက ဖွံ့ဖြိုးပြီးနိုင်ငံများအနေနှင့် ကာဗွန်ထိန်းသိမ်းပေးခများ ပေးစေသည့် ကိစ္စရပ်ပါဝင်မည်ဖြစ်သည်။
ဤစနစ် အဆင်ပြေ ချော့မွေ့စေရေးအတွက် အရေးပါသည့် ကိစ္စမှာ အမှန်တကယ် ရသင့်ရထိုက်သူ များဆီသို့ ငွေကြေးအကျိုးအမြတ်များ စီးဆင်းသွားနိုင်ရေးဖြစ်သည်။ သစ်တောများ ထိန်းသိမ်းသည့် အကျိုးအမြတ်ကို တကယ့်ရသင့်သူ အများစုမှာ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများ ဖြစ်ကြသည်။
REDD+ အစီအစဉ်၏ အဓိက အားသာချက်မှာ အပူပိုင်းသစ်တောများကို ထိန်းသိမ်းသွားနိုင်ခြင်း ဖြစ်ပြီး ၄င်းအကြောင်းအရာနှင့် သက်ဆိုင်သော မူဝါဒများကို UNFCCC ညှိနှိုင်းချက်များအတွင်း အကောင်အထည်ဖေါ် ပေါ်ပေါက်လာစေမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေနှင့် REDD+ သဘောတရားများသည် လက်ရှိလုပ်ဆောင်နေသော သစ်တော မူဝါဒများကို အထောက်အပံ့ဖြစ်စေနိုင်ကြောင်း နားလည် လက်ခံထားပြီးဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် REDDအစီအစဉ်သည် ၄င်းတို့ပိုင် သစ်တောများကို ကာကွယ်ရန်၊ ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်နှင့် အကျိုးရှိရှိ အသုံးပြုနိုင်ရန် အားပေးမှုတစ်ခု၊ ဆွဲဆောင်မှုတစ်ခုဖြစ်ကြောင်း ကောင်းစွာ သတိပြုပြီးဖြစ်သည်။ ထိုမျှမက REDD+ သည် ရာသီဥတုပြောင်းလဲမှုကို တစ်ကမ္ဘာလုံး ပူးပေါင်းတိုက်ဖျက်ရာတွင် အရေးပါသော နေရာမှ ပံ့ပိုးပေးနိုင်သော အစီအစဉ်ဖြစ်သည်။