ရာဘာလုပ်ငန်း
ရာဘာနှင့် ပတ်သက်သည့် Spectrum လုပ်ငန်းအတွင်း စိုက်ခင်းမြေပုံတိုင်းတာခြင်း၊ ရာဘာလုပ်ငန်း ခန့်မှန်းတွက်ချက်မှုများ ကို လေ့လာခြင်း၊ လုပ်သားနှင့် ကျွမ်းကျင်မှုကဏ္ဍများ အပါအ၀င် မြေယာကဏ္ဍများ၊ သစ်တောလုပ်ငန်းအလေ့အထများနှင့် သဘာ ၀ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များကို ဆန်းစစ်အကဲဖြတ်ခြင်းတို့ ပါဝင်လျက်ရှိသည်။
ကျွန်ုပ်တို့အနေဖြင့် ရာဘာလုပ်ငန်း၏ ထုတ်လုပ်နိုင်စွမ်း၊ ထုတ်လုပ်သန့်စင်မှုနှင့် အရည်အသွေးဆိုင်ရာ ကိစ္စရပ်တို့အပြင် ရာ ဘာလုပ်ငန်းတစ်ခုလုံး၏ ရေရှည်တည်တံ့ခိုင်မြဲမှုကိုလည်း လေ့လာသုံးသပ်လျက်ရှိသည်။
၂၀၁၃ ခုနှစ် နိုင်ငံတကာရာဘာလေ့လာရေးအဖွဲ့မှ အကြီးစားလုပ်ငန်းစီမံကိန်းများ၏ အစိတ်အပိုင်းအနေဖြင့် ရေရှည်တည် တံ့ခိုင်မြဲသည့် သဘာဝရာဘာ(SNR)ဆိုင်ရာ စံနှုန်းများနှင့် ညွှန်း ကိန်းများကို ဖော်ထုတ်သတ်မှတ်ခဲ့သည်။
ှSpectrum မှ စိုက်ခင်းဖော်ထုတ်ရာ၌ လူမှုရေးဝန်တာယူမှုအပိုင်းကို ကောက်နုတ်အကျဉ်းချုပ် လေ့လာဆန်းစစ်ခဲ့ပြီး ၂၀၁၄ ခု နှစ် မတ်လတွင် ကျင်းပသည့် ဖနွမ်းပင်ရာဘာလုပ်ငန်းများညီလာခံတွင် ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတင်ပြရာ၌ ရာဘာလုပ်ငန်း၊ အထူးသဖြင့် မြန်မာနိုင်ငံရှိ မြေယာ၊ စီပွားဖြစ်စိုက်ပျိုးရေး၊ စိုက်ပျိုးခင်းစီမံကိန်းများနှင့် ပတ်သက်သည့် ယေဘုယျသုံးသပ်ချက်များနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် သဘာဝရာဘာ စီမံကိန်းများအတွက် ထည့်သွင်း စဉ်းစားသင့်သည့် အချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
လက်ရှိအသုံးပြုလျက်ရှိသည့် ရာဘာစိုက်ခင်းနှင့် ပတ်သက်သည့် အကောင်းဆုံးအလေ့အထဆိုင်ရာ လမ်းညွှန်ချက်များကို လည်း မီးမောင်းထိုးပြခဲ့သည်။ ယင်း၌
• CFS လမ်းညွှန်ချက်များ ( ၂၀၁၂ စားနပ်ရိက္ခာဖူလုံရေး၌ ဆန္ဒအလျောက်ပါဝင်မှုနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ဆိုင်ရာ ညီလာခံ - မြေယာအသုံးချပိုင်ခွင့်၊ ငါးလုပ်ငန်းများနှင့် သစ်တောများကို အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအတွက် တာဝန်ယူမှု ရှိရှိဖြင့် အုပ်ချုပ်စီမံခြင်း)
• Ruggie သို့မဟုတ် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်မူဝါဒများ
• FPIC (ကောင်းစွာကြိုတင်အသိပေးထားသော ရပ်ရွာလူထု၏ လွတ်လပ်သောသဘောဆန္ဒ)
• အလုပ်သမား ကိုဓဥပဒေများ၊ RSPO (ရေရှည်တည်တံ့ခိုင်မြဲသည့် ဆီအုန်းစိုက်ပျိုးရေး ဆွေးနွေးဝိုင်း - လမ်းညွှန်များ)
• CSR (လူမှုရေးဝန်တာယူမှု) စံသတ်မှတ်ချက်များနှင့် တိုင်ကြားမှုဖြေရှင်းရေး လုပ်ထုံးလုပ်နည်းများ