Spectrum noline nosdkn largerS Csw3 

စားသုံးနိုင်သော အင်းဆက်များ

Spectrum – SDKN သည် ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ မြန်မာနိုင်ငံအတွင်း စားသုံးနိုင်သော အင်းဆက်များနှင့် ပတ်သက်ပြီး လိုအပ်နေသော အသိပညာများကို ‌မျှဝေပေးရန် LIFT ရန်ပုံငွေ အဖွဲ့၏ ထောက်ပံ့မှုဖြင့် ၁၈ လကြာ သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းကာလ ၁၈ လပြီးသည့် နောက်တွင် စီမံကိန်းကို ၂၀၂၀ခုနှစ် ၊ ဒီဇင်ဘာလအထိ သက်တမ်းတိုး ဆောင်ရွက်ခွင့် ရခဲ့ပါသည်။

အင်းဆက်များသည် ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်ကဲ့သို့ အာဟာရတန်ဖိုးမြင့်မားစွာပါဝင်သော အစားအစာတစ်ခုဖြစ်ကြောင်းလက်ခံထားကြပါသည်။

ယေဘုယျအားဖြင့် ‘အင်းဆက်မွေးမြူရေးလုပ်ငန်း' များလုပ်ကိုင်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရနိုင်ပါသည်။  အစာ၊ ရေအရင်းအမြစ်နှင့် အရင်းအနှီးကြီးကြီးမားမား မလိုအပ်သည့်အပြင် နေရာများစွာ မလိုအပ်ခြင်းတို့ကြောင့် တစ်နိုင်တစ်ပိုင် မွေးမြူနိုင်ပါသည်။  မြို့ပြနှင့် ဝေးလံသောဒေသများတွင် နေထိုင်ကြသူများ၊  အမျိုးသမီးများနှင့်မြေယာမဲ့များ၊ ရွေ့ပြောင်းနေထိုင်သူများအနေဖြင့်လည်း အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းကြောင့် စီးပွားရေးတိုးတက်လာစေနိုင်သည့် မွေးမြူရေးလုပ်ငန်း တစ်ခုဖြစ်ပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏အဆိုအရ အင်းဆက်မွေးမြူခြင်းသည် အကျိုးအမြတ်ကို  အချိန်တိုအတွင်း ဖန်တီးနိုင်သည့် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။ စီမံခန့်ခွဲရလွယ်ကူပြီး မွေးမြူသူတို့အနေဖြင့်လည်း အထူးပြုသင်တန်းများ နှင့် ကျွမ်းကျင်မှုများ ရှိရန်မလိုအပ်ပါ။ ဆာဟာရသဲကန္တာရတောင်ပိုင်း၊ အာရှနှင့်တောင်အမေရိကရှိနိုင်ငံများစွာတွင် အင်းဆက်မွေးမြူလေ့ ရှိကြပါသည်။

၎င်းအချက်ကိုအခြေခံ၍ ယခုစီမံကိန်းအား “ အင်းဆက်စျေးကွက်ကျယ်ပြန့်လျက်ရှိသော ထိုင်း၊ တရုတ်တို့နှင့် နီးကပ်လျက်ရှိသော မြန်မာနိုင်ငံသည် အင်းဆက်စားသုံးသည့် အလေ့အထလည်း ရှေးယခင်ကတည်းက ရှိနေခဲ့ပြီးဖြစ်သည့်အတွက် အောင်မြင်ခိုင်မာနေသည့် အင်းဆက်ကုန်သွယ်ရေး တွင် ယှဉ်ပြိုင်ရောင်းချနိုင်မလား’’ ဟူသော သိလိုချက်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။  

ဤသုတေသနသည်မြန်မာနိုင်ငံ၏လက်ရှိစားသုံးနိုင်သောအင်းဆက်စျေးကွက်များအပေါ် အသိအမြင်ကိုမြှင့်တင်ပြီး ဒေသတွင်းဝင်ငွေအခွင့်အလမ်း တိုးတက်စေနိုင်သော အသက်မွေး ၀မ်းကျောင်းလုပ်ငန်းတစ်ရပ် အဖြစ်မီးမောင်းထိုးပြရန်၊ ကျေးလက်နေအိမ်ထောင်စုများ၏ အာဟာရ ရရှိမှုကိုတိုးမြှင့်ရန်၊ အင်းဆက်များကိုအဆင့်မီထုတ်ပိုးရောင်းချလာနိုင်စေရန်  မြန်မာစီးပွားရေးတွင် ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်လာနိုင်စေရန် ရည်ရွယ်ပါသည်။

စီမံကိန်း၏ ဦးစားပေးသုတေသနပြုမည့် အခန်းကဏ္ဍများမှာ  မြန်မာနိုင်ငံရှိရိုးရာ အင်းဆက်စားသုံးသည့်အလေ့အထများ၊ ရှိပြီးသားစားသုံးနိုင်သည့်အင်းဆက်များအတွက် အကောင်းဆုံးဖြစ်မည့်မွေးမြူရေးနှင့်  စီးပွားရေးလုပ်ငန်းပုံစံများ၊ ကမ္ဘာ့အင်းဆက်စျေးကွက်များ၊ မြန်မာနိုင်ငံ၏စျေးကွက်များ၊ တန်ဖိုးမြှင့်ကွင်းဆက်များနှင့် မွေးမြူရေးအစားအစာဈေးကွက်တို့ ဖြစ်ပါသည်။

 

 

Powered by KnowledgeArc