ပို့ချပေးသည့် သင်တန်းအစီအစဉ်များ
Spectrum သင်တန်းပို့ချရေး အစီအစဉ်များ၏ အဓိကဦးတည်ချက်မှာ မြန်မာနိုင်ငံအား သဘာဝပတ်ဝန်းကျင်ကို လုံးလုံးလျားလျား အာရုံစိုက် လုပ်ဆောင်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးရန်ဖြစ်သည်။
Read more...Spectrumမှ ထုတ်ဝေသော ကလေးစာအုပ်များသည် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တာဝန်ခံမှုအပြည့်ရှိသော ပတ်ဝန်းကျင်အသုံးချမှုကို အဓိကထားသည်။ ကျွန်ုပ်တို့ လုပ်ဆောင်နေသည့် စီမံကိန်းအများအပြားသည်လည်း သတင်းအချက်အလက်များ ပိုမို လက်လှမ်းမီစေရေး၊ ပညာပေး လုပ်ငန်းများ တိုးတက်လာစေရေးကို ဦးတည်လျက်ရှိသည်။
ကျွန်ုပ်တို့၏ ပညာရေးကဏ္ဍနှင့် ကျောင်းအခြေပြု စီမံကိန်းများသည် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်များနှင့် ကလေးများအတွက် လိုအပ်လျက်ရှိသော ပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ သင်ကြားရေး အထောက်အကူပြုကိစ္စရပ်များကို အမြဲဖြည့်ဆည်းပေးနိုင်အောင် ကြိုးပမ်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကလေးများအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးမှုများ သိသိသာသာ နည်းပါးနေသေးပြီး အခြားပြဿနာရပ်များကိုလည်း ဖြေရှင်းပေးရန် လိုအပ်လျက်ရှိသေးသည်။ Spectrumသည် မျိုးဆက်သစ် လူငယ်လေးများအတွက် အရေးကြီးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာရပ်များကို ပညာပေးဖြေရှင်းပေးမည့် အသိပညာဆိုင်ရာ စာအုပ်စာတမ်းများကို ထုတ်လုပ်ဖြန့်ဝေခဲ့ပြီးဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ပညာရေးဝန်ကြီးဟောင်း ဒေါက်တာ မြအေးက Spectrum၏ စာအုပ်များနှင့် ပတ်သတ်ပြီး ဤသို့ မှတ်ချက်ပြုခဲ့သည်။
“ဒီစာအုပ်တွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေး သက်သက်ပဲ မဟုတ်ဘူး။ နိုင်ငံအနာဂတ် တည်ဆောက်ရေးအတွက် အထောက်အကူဖြစ်စေမယ့် အကျင့်စာရိတ္တပြုပြင်ပေးရေး အပိုင်းတွေလည်း ပါတယ်။”
Powered by KnowledgeArc