ကျောင်းများအတွက် အခြေခံပညာပေးအစီအစဉ် များ
ကျွန်ုပ်တို့သည် Spectrumမှ ဖန်တီးထုတ်ဝေလိုက်သည့် သင်ကြားရေးအထောက်အကူပြု စာအုပ်စာတမ်းများမှတဆင့် ကလေးများ၏ ပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်များ တိုးတက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ထားပါသည်။
၎င်းသင်ကြားရေးအထောက်အကူပြု စာအုပ်စာတမ်းများတွင် ဆရာဆရာမများအတွက် ပြင်ပလေ့လာသင်ကြားရေး အရင်းအမြစ်များ၊ သင်ကြားရေး နည်းဗျူဟာများ၊ ကလေးငယ်များအတွက် စာအုပ်စာတမ်းများ ပါဝင်သည်။
တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ ပညာရေးစနစ်အတွင်းရှိ လက်တွေ့လုပ်ဆောင်မှုပိုင်းဆိုင်ရာ ကန့်သတ်ချက်အချို့ကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ Spectrumမှ ဖန်တီးထုတ်ဝေလိုက်သည့် သင်ကြားရေးအထောက်အကူပြု စာအုပ်စာတမ်းများ၏ အဓိက ရည်မှန်းချက်မှာ ရေရှည်တည်တံ့ ကောင်းမွန်သော ပြောင်းလဲမှုဖြစ်စဉ်အတွင်း ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို အားပေးအားမြောက်ပြုရန်ဖြစ်သည်။
၎င်းတို့တွင် တာဝန်ယူမှုရှိသော အရင်းအမြစ် သုံးစွဲမှု၊ ဇီဝမျိုးကွဲမှု ထိန်းသိမ်းရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ စွန့်ပစ်ပစ္စည်းများ ပြန်လည်သုံးစွဲရေးနှင့် ဂေဟအခြေပြု ခရီးသွားလာရေး ကဲ့သို့သော အရာများပါဝင်သည်။ ထိုအရာများသည် အစိမ်းရောင်မျိုးဆက် ဖွံ့ဖြိုးရေးအတွက် စဦးလိုအပ်ချက်များပင်ဖြစ်သည်။
ဆရာကိုင်လက်စွဲစာအုပ်သည် သင်ကြားရေး ပုံစံအသစ်ကို ဦးတည်ထားသည်။ ဆရာဆရာမများအနေနှင့် ၄င်းနည်းစနစ်များကို စတင်မိတ်ဆက် သင်ကြားသည့်အခါ မိမိတို့ကျောင်းသားများ၏ အရင်နျင့်မတူသော တုန့်ပြန်ချက်များကို တွေ့ရှိရမည်ဖြစ်ကာ အသစ်သစ်သော အခြားသင်ယူရေး နည်းစနစ်များကို စတင်ရှာဖွေလာကြမည်ဖြစ်သည်။