ပို့ချပေးသည့် သင်တန်းအစီအစဉ်များ
Spectrum သင်တန်းပို့ချရေး အစီအစဉ်များ၏ အဓိကဦးတည်ချက်မှာ မြန်မာနိုင်ငံအား သဘာဝပတ်ဝန်းကျင်ကို လုံးလုံးလျားလျား အာရုံစိုက် လုပ်ဆောင်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးရန်ဖြစ်သည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ သမာရိုးကျ (သို့) သမာရိုးကျမဟုတ်သော ကျောင်းပညာရေး စနစ် နှစ်ခုလုံးကို လက်လှမ်းမှီ ရရှိသင်ကြားနိုင်မှုမှတဆင့် ကျွန်ုပ်တို့ မျှော်မှန်းချက်အတိုင်း လုပ်ဆောင်သွားနိုင်ရေးပင်ဖြစ်သည်။ ထိုဦးတည်ချက်၏ အနှစ်သာရမှာလည်း မြန်မာ့ပညာရေးစနစ်အတွင်းသို့ ဆရာဆရာမများအတွက် လက်တွေ့ကျသော နည်းစနစ်များနှင့်အတူ အပြောင်းအလဲကို မိတ်ဆက်ဆောင်ကြဉ်းလာရေးပင်ဖြစ်သည်။ ၄င်းနည်းစနစ်များသည် မြန်မာ့ပညာရေးကန့်သတ်ချက်များအဖြစ် အသိအမှတ်ပြုထားသော အခြေအနေအချို့ကို ကျော်လွှားသွားနိုင်မည်ဖြစ်သည်။
မြန်မာ့ပညာရေးစနစ်အကြောင်း လေ့လာချက်များအရ သင်ကြားရေးဆိုင်ရာ ထိရောက်မှုကို အနှောက်အယှက် ဖြစ်စေသည့် အားနည်းချက်များကို လေ့လာဖော်ထုတ်ပြီးဖြစ်သည်။ ၄င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ လေ့လာစူးစမ်းသည့် သင်ယူလေ့လာမှုပုံစံ (သို့) အပြန်အလှန်တုန့်ပြန် သင်ကြားရေးပုံစံထက် လမ်းကြောင်းချ သင်ကြားရေးပုံစံသို့ သွားထားခြင်း
၂။ အားလုံးပါဝင်သော သင်ကြားရေး (သို့) မိန်းကလေးများကို အားပေးတိုက်တွန်းသည့် သင်ကြားရေးထက် ယောင်္ကျားလေးများကို ဦးစားပေးသည့် သင်ကြားရေးပုံစံ
၃။ လေ့လာစူးစမ်းသည့် အဖြေထက် အဖြေမှန်တစ်ခုကိုသာ ဦးစားပေးခြင်း
၎။ ပညာရေး ဦးတည်ချက်များကို စူးစိုက်စွဲမြဲအောင် လုပ်ဆောင်ပေးမည့် လက်တွေ့ကျသော ဆောင်ရွက်ချက်များ၊ အုပ်စုလိုက် လုပ်ဆောင်မှုများ ကင်းမဲ့ခြင်း။
၅။ ဆရာဆရာမများအတွက် အားကိုးအားထားပြုစရာ အရင်းအမြစ်ရှားပါးခြင်း
၆။ အကောင်းဆုံး သင်ကြားနည်းစနစ်များကို ဆရာဆရာမများအား သင်တန်းပေးမှု မရှိခြင်း
၇။ မူလတန်းပညာရေး သင်ရိုးတွင် ကွာဟချက်များ ရှိနေခြင်း။
ထိုအားနည်းချက်များကို ကျော်လွှားနိုင်ရန်အတွက် ဆရာကိုင် လက်စွဲစာအုပ်ကို ထုတ်ဝေထားပြီး ၄င်းစာအုပ်သည် ပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုအပေါ် အခြေပြုကာပိုမိုကောင်းမွန်သော သင်ကြားသင်ယူရေး အတွေ့အကြုံများကို ပံ့ပိုးပေးမည်ဖြစ်ပြီး ဤ ပြဿနာများကို ဖြေရှင်းပေးမည့် ပညာရေးစာအုပ်စာတမ်းများကို အခြေပြုထားသည်။
ဆရာကိုင် လက်စွဲစာအုပ်နှင့် သင်ကြားရေးအထောက်အကူပြုစာအုပ်များသည် ကိုယ်တိုင်သင်ကြားလေ့လာရေး အထောက်အကူ စာအုပ်များအဖြစ် စိတ်ကြိုက် အသုံးပြုနိုင်ပြီး ကျွန်ုပ်တို့ Spectrum မှ သင်တန်းနည်းပြများ ကလည်း လိုအပ်သည့် သင်ထောက်ကူ သင်တန်းများကို ပံ့ပိုးပေးနိုင်ပါသည်။