အမျိုးသမီးမြှင့်တင်ရေးလုပ်ငန်းဘောင်
မြန်မာနိုင်ငံတွင်ယဉ်ကျေးမှုအစဉ်အလာများကအမျိုးသမီးတို့အပေါ်ကိုဝန်ထုပ်ဝန်ပိုးများအဖြစ်ကျရောက် နေသည်။ လူ့အဖွဲ့အစည်း များအတွင်း ယေဘူယျကျပြီး ပေါ်လွင်သည့် အချက်အလက် အနည်းငယ်မှာ-
အစားအသောက်ပြင်ဆင် ချက်ပြုတ်ရန် ထင်းနှင့်ရေကို ရှာဖွေစုဆောင်းရခြင်း
စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းစဉ်တွင် အချိုးအစားမညီမျှမှုနှင့် အသိအမှတ်ပြု မခံရခြင်း
ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကွဲပြားခြားနားသည့် ဈေးကွက်များတွင်အမျိုးသမီးများ၏ပါဝင်ဆောင်ရွက်မှုကို အဓိကအချက်အဖြစ် လက်မခံခြင်း
ကလေးငယ်များ၏ ဘ၀အစပိုင်းအတွက် စောင့်ရှောက်သူ၊ ပညာရေးနှင့် ကျန်းမာရေးကို အဓိက စောင့်ရှောက်သူများအဖြစ် သတ်မှတ်ခံထားရခြင်း
သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်သူများအဖြစ် ဆောင်ရွက်ရခြင်း စသည်တို့ဖြစ်သည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် နောက်ထပ်ကန့်သတ်ချက်များနှင့် ခွဲခြားထားသေးသည်။ မြန်မာနိုင်ငံအကြောင်း အကောင်းဆုံးလေ့လာနိုင်ရန်အတွက် ဇယား(၁)ကို ပြုစုထားသည်။ အပစ်အခတ် ရပ်စဲပြီးနောက် အလျှင်အမြန် ဖွံ့ဖြိုး တိုးတက်လာသည့် စီးပွားရေးအခြေအနေကြောင့် ခေတ်သစ်လူ့အဖွဲ့အစည်း အတွင်း အပြောင်းအလဲများဖြစ်ပေါ်လာင်္ပြီး ထိုအခြေအနေများကြောင့် အမျိုးသမီးများအပေါ် ဖိနှိပ်ခွဲခြားမှု ပုံစံအသစ်များ ထပ်မံထွက်ပေါ်လာသည်။
ကြီးမားသော စီးပွားရေးဆောင်ရွက်ချက်များ၏ ငွေကြေးအင်အားက လူမှုအပြောင်းအလဲများကို ဖန်တီးခဲ့ရာ ၄င်းတို့တွင် ကျားမရေးရာ အခန်းကဏ္ဍ၊ပဋိပက္ခနှင့် အခြားအချက်အလက်များ ပါဝင်သည်။ ထိုပြောင်းလဲမှု၏ ရလာဒ်မှာ အမျိုးသမီးတို့ အတွက် ပဋိပက္ခများ၊ အန္တရာယ်များနှင့် စွန့်စားမှုများ ပိုမိုတိုးပွားလာခဲ့ခြင်း ဖြစ်သည်။ ဤပုံစံသည် သီးသန့်နယ်ပယ် ရပ်များအတွင်း အကြီးစားရင်းနှီးမြှုပ်နှံမှုများနှင့် လွန်စွာ လျော်ညီသော ပုံစံတစ်ခုဖြစ်သည်။
အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာ
အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်အကြား အရေးပါသည့် ဆက်သွယ်ချက်အဖြစ် ဘေကျင်း- ဒက်ကာ မူဘောင်က အကောင်းဆုံး ချိတ်ဆက်ပေးနိုင်ခဲ့သည်။ ဘီဂျွလ်ကတိကဝတ်ကို ထပ်လောင်းသစ္စာပြုခဲ့သည်။ အမျိုးသမီးများမြှင့်တင်ခြင်း ဆိုင်ရာမူဘောင်သည် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်အဖြစ် ထည့်သွင်းနိုင်ရန် စဉ်းစား ဆောင်ရွက် ရာတွင် လုံလောက်သည့် ပမာဏအထိ ဆက်စပ်စဉ်းစားရမှာဖြစ်ကြောင်းကို မှတ်စုတိုများတွင် ထည့်သွင်းထားသည်။