လူ့အခွင့်အရေးအပေါ် ခြုံငုံသုံးသပ်ချက်
ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများသည် လူ့အခွင့်အရေး၏ အခြေခံဖောင်ဒေးရှင်းအဖြစ် အထောက်အပံ့ပေးကြသည်။ လူများစုကိုးကွယ်ကြသည့် ဘာသာကြီး ၅ ခု ၏ အဖိုးတန်သည့် စည်းမျဉ်းဥပဒေများအား လူအများက ဥပမာအဖြစ် မကြာခဏ ကိုးကား ကြသည်။
ဗုဒ္ဓဝါဒ “ ကိုယ်နာကျင်ခံစားရမည့် ကိစ္စမျိုးကို သူတစ်ပါးတို့အား မလုပ်မိပါစေနှင့်။ (ကိုယ်ချင်းစာတရား)”
ခရစ်ယာန်ဝါဒ “ ကိုယ့်ကို သူတစ်ပါးတို့ မလုပ်စေချင်သော ကိစ္စမျိုးကို သူတစ်ပါးတို့အား မလုပ်မိပါစေနှင့်။ (ကိုယ်ချင်းစာတရား)”
အစ္စလာမ်ဝါဒ “ ကိုယ်ကိုယ်တိုင်အတွက် ဆန္ဒရှိသလို ကိုယ့်အကိုအတွက် (အခြားသူအတွက်) ဆန္ဒမရှိနိုင်သော ကာလပတ်လုံး သင်သည် ဘာသာတရားကို ယုံကြည်သူမဟုတ်"
ဂျူးဝါဒ “ ကိုယ်ကိုယ်တိုင်မုန်းသောအရာကို အခြားသူတို့အား မလုပ်မိပါစေနှင့်။ ဤကား ဥပဒေသ ပင်ဖြစ်သည်"
ဟိန္ဒူဝါဒ “ အခြားသူတို့အပေါ် မဆိုးသွမ်းပါနှင့်။ ထိုသူတို့ နာကျင်ခံစားရလိမ့်မည်။ ထိုနာကျင်ခံစားရမှုအတွက် သင့်တွင် တာဝန်ရှိသည်"
၁၉၄၈ ခုနှစ်တွင် လူ့အခွင့်အရေးအပေါ်အခြေခံသည့်အချက်ပေါင်း ၃၀ ပါဝင်သည့် လူ့အခွင့်အရေးကြေညာစာတမ်းကို ကမ္ဘာ့နိုင်ငံများ၏သဘောတူညီချက်ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ဒုတိယကမ္ဘာစစ်၏ အတွေ့အကြုံကို အခြေခံပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိုကြေညာချက်ကို သဘောတူထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၄၈ နိုင်ငံက ထောက်ခံခဲ့သည့် ထိုကြေညာချက်သည် လူသားအားလုံး တန်းတူ ညီမျှသည့် မွေးရာပါ လူ့အခွင့်အရေးများကို ရရှိခံစားနိုင်စေရန် ပထမဦးဆုံး တစ်ကမ္ဘာလုံး က သဘောတူညီခဲ့သည့် ကြေညာချက်ဖြစ်သည်။
၁၉၆၆ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ၏ ပဋိဥာဉ်စာချုပ်တွင် နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများဖြစ်သည့် (လွတ်လပ်စွာဖော်ထုတ်ခွင့်စသည်) တို့ကို ထပ်မံဖြည့်စွက်ကာ နိုင်ငံပေါင်း ၁၆၄ နိုင်ငံက အတည်ပြုခဲ့ပြီးထိုနိုင်ငံများထံမှ နိုင်ငံပေါင်း ၁၆၀ က စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကိုလည်း ထည့်သွင်း ရေးထိုးခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် လူမျိုး (သို့) တိုင်းရင်းသားများနှင့် သက်ဆိုင်သော၊ ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာစကားဆိုင်ရာ လူနည်းစုများနှင့် သက်ဆိုင်သော လူများ၏ အခွင့်အရေးအတွက် ကုလသမဂ္ဂကြေညာစာတမ်းနှင့် ဌာနေတိုင်းရင်းသား မျိုးနွယ်စုများ၏ အခွင့်အရေး အခွင့်အရေး ကြေညာစာတမ်း အတည်ပြုပြဌာန်းခဲ့သည်။
ထို့အပြင် ဒုက္ခသည်များလည်း အပါအ၀င်ဖြစ်သည့် အခြားအရေးပါသည့် သဘောတူညီချက် တွင် အမျိုးသမီးများ အပေါ်ခွဲခြားဆက်ဆံခြင်းမပြုရန်၊ ကလေးအခွင့်အရေးကို လိုက်နာစောင့်ထိန်းရန်၊ အသားအရောင်ကို အခြေခံပြီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရန်၊ ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်ခြင်းများအပါအ၀င် အခြားဖိနှိပ်ညှဉ်းပန်းမှုများမပြုလုပ်ရန်၊ လူမဆန်သောသို့မဟုတ် လူတစ်ဦးတစ်ယောက်အား သိမ်ငယ်သွားစေသည့် အပြစ်ဒဏ်ပေးခြင်းများကို မပြုလုပ်ရန်စသည်တို့ပါဝင်သည်။