ကာကွယ်၊လေးစား၊ပြန်လည်ကုစား
အားလုံးသော တရားစီရင်ပိုင်ခွင့်ထဲ တွင် စီးပွားရေးလုပ်ငန်းများနှင့် အခွင့်အရေးများ အားလုံးကို မူဘောင်တစ်ခုလွှမ်းခြုံထားသည်။ ၄င်းကို ကမ္ဘာ့ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေး အခြေခံလမ်းညွန်မူများအဖြစ် သိထားကြသည်။
အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများအကြား အခြေခံမူတစ်ခုကို အတူတကွဆောင်ရွက်ခဲ့ရာတွင် ၆ နှစ်ကြာပြီးသည့်နောက် အားလုံးသဘောတူသည့် အခြေခံမူတစ်ခုကို ရရှိခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် ဂျွန်ရပ်ဂီ ဦးဆောင်ခဲ့သည့် ရပ်ဂီ၏ အခြေခံမူအဖြစ် ၎င်းလုပ်ငန်းစဉ်ကို သိကြသည်။
ထိုအခြေခံမူများမှာ…..
- နိုင်ငံတော်၏ တာဝန်မှာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်
- စီးပွားရေးလုပ်ငန်းစုကြီးများ၏ တာဝန်မှာ လူ့အခွင့်အရေးကို လေးစားလိုက်နာရန်
- စီးပွားရေးအရ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် သားကောင်များကို ကုစားနိုင်ရန်ပို၍ ကျယ်ပြန့်သည့် အခွင့်အလမ်းပေးရမည်။
လူ့အခွင့်အရေးစိန်ခေါ်မှုကို စီမံခန့်ခွဲနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် တာဝန်ခံမှုကို အကောင်အထည်ဖော်ရန် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအတွက် အဓိကကျသည့်အချက်ကို ကုလသမဂ္ဂ အခြေခံမူ လမ်းညွန်ထဲသို့ ထည့်သွင်းနိုင်ရန် စဉ်းစားနေကြသည်။ ထိုအချက်သည် ရေရှည်တည်တံ့ ခိုင်မြဲသည့်ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသည့် စီးပွားရေးလုပ်ငန်းနှင့် ဈေးကွက်တို့၏ အုတ်မြစ်ဖြစ်သည်။
လူ့ဂုဏ်သိက္ခာကို ကုစားရန်အတွက် စီးပွားရေးမျှတမှုအခြေခံမူသည် အခြားသော လူ့အခွင့်အရေးအခြေခံမူများကဲ့သို့ပင် မရှိမဖြစ်လိုအပ်သည်။