Spectrum noline nosdkn largerS Csw3 

NEWS 175 S140808904 H

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးသင်တန်းအား ပြန်လည်သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Child Fund Myanmar က ထောက်ပံ့ပေးပြီး Spectrum အဖွဲ့က ပြုလုပ်ပေးခဲ့သည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးသင်တန်းအား ပြန်လည်သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ၂၇ ရက်နေ့က ထားဝယ်မြိုနယ်ရှိ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ထိုအလုပ်ရုံဆွေးနွေးပွဲကို ဆရာ၊ ဆရာမများများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး တိုင်းပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းရှိန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဦးဝင်းရှိန်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာဆိုသည်မှာ လူသားအားလုံးနှင့် သက်ဆိုင်သည့် အတွက် အရေးကြီးသည့်လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ပါရန် ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများက ကျောင်းသူ၊ကျောင်းသားများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ တိုးတက်မှု ရှိလာကြောင်းကိုလည်း ပြောပြခဲ့သည်။ ထို့အပြင် သင်ထောက်ကူပစ္စည်းများနှင့် စာအုပ်စာတမ်းများကို ပိုမို၍ ထောက်ပံပေးနိုင်ရန်နှင့် ကျောင်းအုပ်ကြီးများပါ အသိပညာပေးသင်တန်းတွင် ပါဝင်နိုင်စေရန် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများက အကြံပြုခဲ့ကြသည်။

ထားဝယ်မြို့နယ်မှ ဆရာဦးမျိုးသန်းက ကျောင်းတွင်းပြန်လည်သင်ကြားပေးခဲ့သည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးသင်ခန်းစာများကြောင့် ကလေးများ၏ အပြုအမူများကိုလည်း ပြောင်းလဲနိုင်ခဲ့သည်ဟု ပြောပြသည်။ ဦးမျိုးသန်းက " အရင်က သူတို့က အကောင်လေးတွေသတ်တယ်၊ ကျောင်းပိတ်ရင် မြှုံးထောင်တာတွေလုပ်တယ်၊သူတို့ကို ဒီအကောင်လေးတွေကို မသတ်သင့်ဘူး၊ သူတို့ကို စည်းကမ်းမဲ့သတ်တာက ပတ်ဝန်းကျင်ကို ဒုက္ခ ပေးတာလို့သင်ပေးထားတော့ အခုဆိုရင် သူတို့ မသတ်တော့ဘူး" ဟု ပြောကြားခဲ့သည်။

လောင်းလုံမြို့နယ်အတွင်းမှ ဆရာမ ဒေါ်အေးအေးလွင်ကတော့ ကျောင်းသား ကျောင်းသူများအား ပုံပြင်ဇတ်လမ်းများတွင် ဇာတ်ကောင်လေးများအဖြစ် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခိုင်းသည်ဟု ပြောပြသည်။ ထိုသို့ ပြုလုပ်ပေးသည့်အတွက် ကလေးများက ပိုမိုစိတ်ဝင်စားလာပြီး အလေ့အကျင့် ပြုပြင်မှုပိုမိုမြန်ဆန်လာသည်။ ဒေါ်အေးအေးလွင်က " ကျွန်မတို့က ကလေးတွေကို ဇာတ်ကောင်လေးတွေနေရာမှာ သရုပ်ဆောင်ခိုင်းတယ်၊ အရင်တုန်းကဆိုရင် ကျောင်းထဲကိုဝင်ဝင်လာတဲ့ ခွေးတွေကြောင်တွေကြက်လေးတွေကို နှိပ်စက်တာပေါ့နော်၊ အခုတော့ သူတို့ချစ်တတ်လာတယ်" ဟု ပြောပြသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးသင်တန်းကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလက ကျင်းပပြုလုပ်ခဲ့ပြီး ထားဝယ်၊ ရေဖြူ၊လောင်းလုံ ၃ မြို့နယ်အတွင်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်း ကျောင်း ၇၅ ကျောင်းမှ ဆရာ၊ ဆရာမ များကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးသင်တန်းကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

              

 

             

 

             

 

 

 

Powered by KnowledgeArc