
မြန်မာကမ်းလွန် ညီလာခံ ၂၀၁၉ တွင် Spectrum ပူးပေါင်းပါဝင်
- Details
၂၀၁၉ခုနှစ်၊ မေလ ၇ ရက်နှင့် ၈ ရက်တွင် ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ပြုလုပ်ကျင်းပခဲ့သော မြန်မာကမ်းလွန် ညီလာခံ ၂၀၁၉တွင် Spectrum- Sustainable Development Knowledge Network အဖွဲ့မှပူးပေါင်း ပါဝင်အားဖြည့်ခဲ့သည်။ ညီလာခံတွင် Spectrum အဖွဲ့၏ ဒါရိုက်တာဖြစ်သူ မစ္စတာ ဒေးဗစ်အလန်က "Global Development in Local Content: Case Study and learning for Myanmar” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့သည်။
မစ္စတာ ဒေးဗစ်၏ ဆွေးနွေးချက်များတွင် IGF ၏လမ်းညွန်ချက်များအား ကိုးကားပြီး နိုင်ငံတွင်းကိုက်ညီမှုရှိသည့် မူဝါဒများ ချမှတ်နိုင်ရေးကိုအလေးထားပြောကြားခဲ့သည်။ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် EITI ၏ လမ်းညွန်ချက်များ၊ အခွင့်အလမ်းများနှင့် နိုင်ငံတွင်းအခြေနေများနှင့် ကိုက်ညီစေရန် ဟောပြောဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် အခြားနိုင်ငံများ၏ အတွေ့အကြုံများကို အခြေခံလေ့လာထားသည့် အချက်အလက်များကို ဥပမာပေးခဲ့ပြီး ဒေသတွင်းဖြစ်ပေါ်နေသည့် ပြဿနာရပ်နှင့် ကိုက်ညီ သော မူဝါဒများ ချမှတ်နိုင်စေရန်အတွက်လည်း ချိတ်ဆက် ပြောကြားခဲ့သည်။ ဆွေးနွေးချက်များ၏ ရည်ရွယ်ချက်မှာ ပြည်တွင်းစီးပွားရေးတွင် သယံဇာတအသုံးပြုမှုကို ထိရောက်စွာ အသုံးချနိုင်စေရန် နှင့် သယံဇာတကဏ္ဍကို အခြားစီးပွားရေးကဏ္ဍများနှင့် ချိတ်ဆက်မိမိ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စေရန် ဖြစ်သည်။
တက်ရောက်လာသူများမှ မေးခွန်းများအပြန်အလှန် မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။ မြန်မာကမ်းလွန် ညီလာခံ ကို အစိုးရဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာစွမ်းအင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ Oil and Gas ကုမ္ပဏီများမှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။