Spectrum noline nosdkn largerS Csw3 

NEWS 175 S140808904 H

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်နေ့အထိမ်းအမှတ် အခမ်းအနားတွင် Spectrum အဖွဲ့ပူးပေါင်းဆောင်ရွက်

၂၀၁၉ခုနှစ် ဇွန်လ ၅ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်နေ့အထိမ်းအမှတ် အခမ်းအနားတွင် Spectrum အဖွဲ့က နေပြည်တော်၊ ရန်ကုန်နှင့် မြစ်ကြီးနားမြို့တို့၌ ပူးပေါင်းပါဝင်ခဲ့သည်။ Spectrum အဖွဲ့အပါအဝင် ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများက နေပြည်တော်တွင်ကျင်းပသည့် အခမ်းအနားတွင် ပြခန်းများပါဝင်ပြသခဲ့သည်။

                                                             61895139 2230898123624048 6744355976331132928 n

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့် “လေထုညစ်ညမ်းမှုသည် ဒေသဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည့်အတွက် လေထုညစ်ညမ်းမှုကို လျော့နည်းအောင် ပြုလုပ်ခြင်းအားဖြင့် အခြားတစ်ဖက်တွင်လည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသော မှန်လုံအိမ်အာနိသင်ရှိသည့် ဓာတ်ငွေ့များ လျော့ပါးရေးကို အထောက်အကူဖြစ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ မိတ်ဆက် ဖြန့်ဝေထားပြီးဖြစ်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မ လုပ်ငန်းစဉ် အတည်ပြုထုတ်ပြန်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးကို တင်ပြလာသည့် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို ကဏ္ဍ အသီးသီးတွင် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လေထု ညစ်ညမ်းမှုကို ကာကွယ်နိုင်မည်ဟု ယုံကြည်ပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။

                                                            20190605 102957

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက " ယခုဆွေးနွေးပွဲသည် လေထုညစ်ညမ်းမှုကြောင့် လက်ရှိကြုံတွေ့နေရသည့် အသက်ဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေးဆုံးရှုံးမှုများ အပေါ် ပြန်လည်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် အားလုံးပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ရမည့် အနာဂတ်လုပ်ငန်းများအတွက်များစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း။ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာနိုင်သည့်ဘေးအန္တရာယ် လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၊ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် အားလုံးစုပေါင်းဆောင်ရွက်မှုဖြင့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ရန်ရည်ရွယ်ပြီး ယခုစကားဝိုင်းဆွေးနွေးကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသည့် ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် အဖိုးတန်သယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် မြန်မာနိုင်ငံ၏ ပြောင်းလဲလာသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ခိုင်မာသည့် ရေရှည် မူဝါဒ၊ မဟာဗျူဟာများချမှတ်ပြီး စနစ်တကျ ထိရောက်စွာ ဖြေရှင်းနိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း" တွင်ပြောကြားခဲ့သည်။ ထို့နောက် စကားဝိုင်းဆွေးနွေးပွဲများကို ဆက်လက်ကျင်းပခဲ့သည်။

                                                            20190605 101002

 

                 ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင်လည်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်သိမ်းရေးနေ့အထိန်းအမှတ် အခန်းအနားကို ကျင်းပရာတွင် Spectrum က ပူးပေါင်းပါဝင်ခဲ့သည်။ ထိုအခန်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် “၂၀၁၉ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ကျွန်တော်တို့ရဲ့ ကတိကဝတ်ဟာ လေထုမညစ်ညမ်းဖို့ ဖြစ်ပါတယ်။ လေထု မညစ်ညမ်းဖို့အတွက် ထိန််းသိမ်းရပါမယ်။ ကျွန်တော်တို့ ဒီနေ့လုပ်တဲ့ အခမ်းအနားပွဲတွေဟာ နိုင်ငံတကာက လုပ်လို့၊ ကမ္ဘာမှာ လက်မှတ်တွေ ရေးထိုးထားလို့၊ ကျွန်တော်တို့ နိုင်ငံလည်း ဒီကဏ္ဍမှာ ပါဝင်ရမှာမို့လို့ ဒီဥစ္စာကို အခမ်းအနားပွဲ တစ်ခုအနေနဲ့ လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြောတဲ့စကားတွေ၊ လုပ်တဲ့လုပ်ငန်းတွေဟာ ကတိကဝတ် တစ်ခုအနေနဲ့ ပြုရမှာ ဖြစ်ပါတယ််။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ ကျွန်တော်တို့ရဲ့ ကတိကဝတ်ဟာ တကယ့် သန့်စင်တဲ့ လေကို ရှုရှိုက်နိုင်ရန်အတွက် ညစ်ညမ်းမှုတွေကိုကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် ဒီနှစ် လမ်းမပေါ်မှာ သွားနေတဲ့ ကားတွေဟာ မီးခိုးအမဲရောင် အလုံးလိုက် မဖြစ်အောင်၊ ဒီနှစ် စက်ရုံလုပ်ငန်းတွေရဲ့ ခေါင်းတိုင် ကနေ မီးခိုးအမဲရောင် အလိပ်တွေ ထွက်နေတာ ထိန်းသိမ်းရပါမယ်။ ဒီကဏ္ဍနယ်ပယ်ကို ပြုပြင်ပြောင်းလဲ ရပါလိမ့်မယ်။ ကာဗွန်တွေကို စုတ်ယူနိုင်တဲ့သစ်ပင်တွေ များများ စိုက်ရပါမယ်။ ကျွန်တော်တို့ရဲ့ မြစ်ကြောင်းတွေကို ထိန််းသိမ်းနိုင်ဖို့ လေထု၊ ရေထု၊ သယံဇာတတွေကို ထိန်းသိ်မ်းနိုင်ဖို့အတွက် ဒီရေတောတွေ တိုးမြှင့်ပြီးတော့ စိုက်ပျိုးရပါမယ်။” ဟု ပြောသည်။                                            visitor 11

 

                           ထို့နောက်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂၀၁၉)ခုနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အဖြစ် “သန့်စင်သောလေရှူရှိုက်ဖို့ လေထုညစ်ညမ်းမှုတိုက်ဖျက်စို့”ခေါင်းစဉ်ဖြင့်အလွတ်တန်းဆောင်းပါးပြိုင်ပွဲဆုရရှိသူ (၆)ဦး၊ စိမ်းစိုလှပမြို့ရန်ကုန်ရှုခင်းအလှဓာတ်ပုံပြိုင်ပွဲဆုရရှိသူ (၈)ဦး ၊ အခြေခံပညာအထက်တန်းအဆင့်ဆုရစာစီစာကုံးများဆုရရှိသူ(၅)ဦးတို့ကို ဆုများချီးမြှင့်ခဲ့ပါတယ်။ ထို့အပြင် ပိုမိုပူပြင်းလာသည့်အတွက် သစ်ပင်စိုက်ပျိုးရန် သစ်တော ဦးစီးဌာနက သစ်ပင် ၁၀၀၀ ကို ဖြန့်ဝေပေးခဲ့သည်။

မြစ်ကြီးနားတွင် ပြုလုပ်ကျင်းပခဲ့သည့် အခန်းအနားတွင်လည်း ကချင်ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာခန့်အောင်က တက်ရောက်ကာအဖွင့်အမှာစကားပြောကြားခဲ့သည်။ ဒေါက်တာခန့်အောင်က လေထု ညစ်ညမ်းမှုကိုလျော့ကျလာအောင် ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ယခုနှစ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိန်းအမှတ်အခန်းအနားကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။ တရုတ်နိုင်ငံသည် လေထုညစ်ညမ်းမှုကိုအောင်မြင်စွာ လျော့ချနိုင်သည့်အတွက် ထိုသို့ ဂုဏ်ပြုကျင်းပပေးခဲ့ခြင်းလည်းဖြစ်သည်။                                   visitor 7

 

 

 

 

Powered by KnowledgeArc