မြန်မာအစိမ်းရောင်ကွန်ရက် ၈ကြိမ်မြောက်တွေ့ဆုံပွဲတွင် Spectrum က ပူးပေါင်းဆောင်ရွက်ခဲ့
- Details
မြန်မာအစိမ်းရောင်ကွန်ရက်၏ ၈ကြိမ်မြောက်တွေ့ဆုံပွဲတွင် Spectrum အဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ၈ကြိမ်မြောက် တွေ့ဆုံပွဲကို ကျောက်ပန်းတောင်းမြို့ရှိ ရွှေနဒီဘုန်းတော်ကြီးပရဟိတစာသင်ကျောင်းတွင် “အမွေအနှစ်များ၏ ပဲ့တင်သံ” ဟူ သောခေါင်းစဉ်ဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။
အမွေအနှစ်ဆိုရာတွင် ယဉ်ကျေးမှုအမွေအနှစ်၊ သဘာ၀ပတ်ဝန်းကျင်အမွေအနှစ်နှင့် ရှေးဟောင်းအမွေအနှစ်များကို မပျက်မယွင်း ထိန်းသိမ်းနိုင်အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးခဲ့ခြင်းလည်းဖြစ်သည်။ ပုဂံရှေးဟောင်းအမွေအနှစ် မပျက်စီးစေရေးနှင့် သဘာဝပတ်ဝန်းကျင်မပျက်စီးစေရေးအတွက်ရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ၊ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းသည့်ပညာရှင်များ က ဟောပြောဆွေးနွေးခဲ့ကြသည်။ အဖွင့်အမှာစကားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဦီးမျိုးသစ်က ပြောကြားခဲ့သည်။ ထို့အပြင် ရှေးဟောင်းသုတေသနဌာနမှ ညွှန်ကြားရေးမှူး ဦီးသန့်ဇော်ဦီးကလည်း ဟောပြောဆွေးနွေးခဲ့ပါသည်။
ထိုတွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဦီးမျိုးသစ်နှင့် အဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGO၊ INGOနှင့် CSO) များ၊ ဒေသခံများ တက်ရောက်ခဲ့ပြီး တက်ရောက်သူ ၂၀၀ ဉီးဝန်းကျင်ရှိသည်။ ထိုတွေ့ဆုံပွဲမှ အချက်ပေါင်း ၁၉ ချက်ပါဝင်သည့် ထုတ်ပြန်ကြေညာ ချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။