Spectrum noline nosdkn largerS Csw3 

NEWS 175 S140808904 H

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ပညာရပ်များမျှဝေခြင်း စီမံကိန်းမိတ်ဆက်ပွဲကို တနင်္သာရီတိုင်းတွင် ကျင်းပခဲ့

Australian Aid ၏ ထောက်ပံ့ငွေဖြင့် ChildFund Myanmar မှ တစ်ဆင့် Spectrum က တာ၀န်ယူ‌ဆောင်ရွက်သည့် သဘာဝ ပတ်၀န်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ပညာရပ်များမျှဝေခြင်း စီမံကိန်း တိုင်းအဆင့် မိတ်ဆက်ပွဲကို ထားဝယ်၊ အထက (၂) နဝရတ်ခန်းမတွင် ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၀ခုနှစ်တွင် ကျင်းပခဲ့သည်။

ထိုအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ပညာရေးဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရေဖြူမြို့နယ်နှင့် သရက်ချောင်း မြို့နယ်မှ ဆရာ ဆရာမ(၁၀၀)ကျော်၊ မိတ်ဖက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ဒေသမီဒီယာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရပ်ဟာ အရေးကြီးတယ်၊ ကလေးများအားလုံး တက္ကသိုလ်ဝင်ခွင့်ရဖို့ အာမ ခံလို့မရပေမဲ့ ဒီပညာရပ်များ သင်ယူသိရှိခြင်းဖြင့် မိမိတို့ရောက်ရှိတဲ့ လူမှုအသိုက်အဝန်းကို အကျိုးပြုနေမှာ ဖြစ်တယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။ စီမံကိန်း ညှိနှိုင်းရေးမှူး နော်မေခင်သက်မှ စီမံကိန်း အကြောင်းရှင်းလင်းတင်ပြခြင်းနှင့် စီမံကိန်းအရာရှိ ဦးဆလိုင်းထောင်းလှိုင်လုန်ကလည်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဥ်များနှင့်မည်ကဲ့သို့ ဆက်လက်လုပ် ဆောင်သွားမည်ကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်း ဖြေကြားခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

 

 

  

 

 

 

Powered by KnowledgeArc