
ကချင်ပြည်နယ်အတွင်း LPG ထောက်ပံ့ရန် တင်ဒါခေါ်ယူခြင်း
- Details
Spectrum- Sustainable Development Knowledge Network သည် ပြည်တွင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများနှင့် ပြန်လည်နေရာချထားသည့် ဒေသများတွင် ထင်း၊မီးသွေးအစားထိုး လောင်စာအဖြစ် ဓာတ်ငွေ့ရည်ကို အသုံးပြုနိုင်ရန် အတွက်
“အခက်အခဲ အခြေအနေများတွင် ဓါတ်ငွေ့ရည်ပြောင်းလဲအသုံးပြုနိုင်စေရန် ကူညီပေးခြင်: စီမံကိန်း - အစိုးရ- ပုဂ္ဂလိက မိတ်ဖက်ပူးပေါင်းခြင်းဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓါတ်ငွေ့ရည် ထောက်ပံ့ပေးရေး” စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ စီမံကိန်းကို ယူကေအစိုးရမှ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ UK aid နှင့် HARP-F (Humanitarian Assistance and Resilience Programme Facility) မှတစ်ဆင့် ယူကေ အစိုးရကထောက်ပံ့ပေးခြင်းဖြစ်ပါသည်။
စီမံကိန်း၏ အရေးပါသည့် အပိုင်းအဖြစ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ မိုင်းလားကက်သလစ်ဘုရားရှိခိုးကျောင်း နှင့် မိုင်းနား KBC စခန်း၂ ခုရှိ ပျှမ်းမျှအိမ်ထောင်စု ၅၀ ကို ၅လကြာ အိမ်သုံးချက်ပြုတ်ရန် ဓါတ်ငွေ့ရည် နှင့်ဆက်စပ်သည့်ပစ္စည်း ကရိယာများကို ထောက်ပံ့ပေး ရန်အတွက် အတွက် မြန်မာနိုင်ငံအတွင်းရှိ ဓါတ်ငွေ့ရည် ထုတ်လုပ်ရောင်းချလျှက်ရှိသည့် စီးပွားရေးလုပ်ငန်းများသို့ အဆိုပြုလွှာများကို ခေါ်ယူလျှက်ရှိပါသည်။ ပထမ ၂ လတွင် ထောက်ပံ့မှုမှ ရရှိလာမည့်ရလာဒ်ပေါ်တွင် မူတည်ကာ နောက်ပိုင်း ၂လခွဲအတွင်း အိမ်ထောင်စု ၁၀၀အထိ တိုးချဲ့ ထောက်ပံ့ရန်လည်း ရည်ရွယ်ထားပါသည်။
Deadline to response to tender is extended to 12 June 2020
Dawnload Tender Document for Myanmar Language Here