Spectrum noline nosdkn largerS Csw3 

NEWS 175 S140808904 H

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရေး ဆွေးနွေးချက်များ

၂၀၂၀ ဇွန်လ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ယခုနှစ်ဆောင်ပုဒ် ကတော့ “ဒို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်ကို အချိန်မီ ထိန်းသိမ်းကြစို့” ဖြစ်ပါသည်။ 

ဒီနေ့ကို ဂုဏ်ပြုသည့် အနေနှင့် Spectrum အဖွဲ့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ၅ ဦးကိုဖိတ်ခေါ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ ဆွေးနွေးချက်တွေကို ဗွီဒီယိုရိုက်ကူးထားပါသည်။ အဲဒီဗွီဒီယိုထဲက ဆွေးနွေးချက်တစ်ချို့ကို Spectrum ၏ website ထဲမှာ ဖော်ပြလိုက်ပါသည်။ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ကို ၁၉၇၁ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၊ လူ့ပတ်ဝန်းကျင်ဆိုင်ရာ ကုလသမဂ္ဂညီလာခံ၏ ပထမနေ့တွင် စတင်ပုံဖော်ခဲ့သည်။ ၁၉၇၄ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်နေ့အဖြစ် တစ်ကမ္ဘာလုံးမှ စတင်ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ " တစ်ခုတည်းသော ကမ္ဘာမြေ" ဖြစ်သည်။ လက်ရှိသဘာဝပတ်ဝန်းကျင်ဆိုင်ရာအကြပ်အတည်းမှာ ကျွန်ပ်တို့အားလုံး သတိပြုရမည့် အချက်ပေးခေါင်းလောင်းသံလည်းဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးကိုမြုင့်တင်ရန် အရေးကြီးလိုအပ်နေကြောင်းမီးမောင်းထိုးပြခြင်းလည်းဖြစ်ပါသည်။ သဘာဝဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးကိုမြုင့်တင်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများ၏ဆွေး‌နွေးချက်များကို လိုအပ်ပါက ကျွန်ပ်တို့ Spectrum တွင် ဗွီဒီယိုအခွေကိုလည်း တောင်းယူနိုင်ပါသည်။

ဒေါက်တာမြင့်‌ဇော် (သဘာဝပတ်ဝန်းကျင် ပညာရှင်)

တောသတ္တဝါတွေ၊ ဇီဝပဒေသာတွေ ခိုလှုံရာရိပ်မြုံပျောက်ဆုံးလာကြပါတယ်။ ဘာကြောင့်ခိုလှုံရာရိပ်မြုံ ပျောက်ဆုံးလာရင်လည်းဆိုရင် နံပါတ် (၁) က သစ်တောပြုန်းတီးတာပါ။ တောတွေကို ခုတ်ထွင်ရှင်းလင်း တာ၊ သစ်ထုတ်လုပ်တာတွေကြောင့် သတ္တဝါတွေ၊ ဇီဝမျိုးစုံအတွက် ခိုလှုံရာရိပ်မြုံပျောက်ဆုံးပါတယ်။

ကာတွန်းလိုင်လုဏ်

လူသားတွေအသက်ရှင်နိုင်ဖို့ မျက်ပင်တွေလည်းလိုအပ်တာဖြစ်ပါတယ်။ လူတွေကတိုက်ရိုက်မြက်ပင်တွေ ကို မစားသုံးပေမဲ့လို့ မြက်ပင်တွေကို စားတဲ့ အကောင်တွေကို လူတွေစားတဲ့အတွက် သားတို့သမီးတို့ကို ခုဏကပြောတဲ့ အစာကွင်းဆက်ဆိုတာရဲ့ အခြေခံသဘောတရားဖြစ်တယ်။

ဗွီဒီယိုကြည့်ရှုရန် အောက်ပါလင့်သို့သွားပါ။

Powered by KnowledgeArc