2019-2020 Myanmar Citizen Budget Video
- Details
International Budget Partnership အဖွဲ့မှ နိုင်ငံပေါင်း ၁၁၇ နိုင်ငံအတွက် ဘဏ္ဍာရေးပွင့်လင်းမြင်သာမှု စစ်တမ်း Open Budget Survey (OBS) ကို ဧပြီလတွင် ၇ ကြိမ်မြောက်ရလဒ်များကို ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအနေနှင့် ဤစစ်တမ်းတွင် ၄ကြိမ်မြောက် ပါဝင်ခဲ့ခြင်းဖြစ်ပြီး တိုးတက်မှုများ ရှိခဲ့သည်။ စစ်တမ်းတွင် ပွင့်လင်းမြင်သာမှု၊ ပြည်သူများ ပါဝင်မှုနှင့် ဘတ်ဂျက်စောင့်ကြည့် ကြီးကြပ်ခြင်း စသော ကဏ္ဍ ၃ ခုကို အဓိက ဆန်းစစ်ခဲ့သည်။ မြန်မာနိုင်ငံသည် ပွင့်လင်းမြင်သာမှု နှင့် ဘတ်ဂျက်စောင့်ကြည့်ကြီးကြပ်ခြင်း ကဏ္ဍတို့တွင် ရမှတ် ၇မှတ်မှ ၂၈ မှတ်အထိ တိုးတက်လာခဲ့သည်။ သို့သော်လည်း ကမ္ဘာ့နိုင်ငံများ၏ ပျမ်းမျှရမှတ်ဖြစ်သော် ၄၅ မှတ်နှင့် ပုံမှန်ရှိသင့်သည်ဟု သတ်မှတ်ထားသော ၆၀ မှတ်တို့နှင့် နှိုင်းယှဥ်လျှင် များစွာ နိမ့်ကျနေသေးသည်ကို တွေ့ရသည်။ ပြည်သူများ ပါဝင်မှုကဏ္ဍတွင် ရမှတ်ထပ်မံတိုးတက်ရန် အခွင့်အလမ်းများစွာ ရှိနေပြီး အစိုးရအနေနှင့် ပြည်သူလူထုနှင့် ဆွေးနွေးတိုင်ပင်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို အားစိုက်လုပ်ဆောင်ရန်လည်း တိုက်တွန်းလိုပါသည်။