Spectrum noline nosdkn largerS Csw3 

NEWS 175 S140808904 H

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

Spectrum အဖွဲ့က သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့

နိုဝင်ဘာလ ၁၈ ရက်တွင် Spectrum အဖွဲ့က စီစဥ်ဆောင်ရွက်ပြီး ChildFund Myanmar နှင့်  Austrlian Aid တို့က ပံ့ပိုးသည့် “ သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲကို Online မှ တဆင့် ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်မှ မြို့နယ် ၃ ခုဖြစ်သည့် ထားဝယ်၊ ရေဖြူနှင့် သရက်ချောင်းရှိ စာသင်ကျောင်း ၅၀ ကျော်မှ မူလတန်းနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမ ၅၅ ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားကို Spectrum အနေနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် တားဆီးရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ကိုဗစ်ကာလအတွင်းဖြစ်သဖြင့် Zoom မှတဆင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဒေါ်နော်မေခင်သက်က ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကို အပိုင်း ၃ ပိုင်းခွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖြူဝင်းက အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး မိမိတို့ဌာနအနေနှင့် Spectrum ဖြင့် ဆက်လက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ နေပြည်တော်မှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်မာလာအောင်ကလည်း  သဘာဝပတ်ဝန်းကျင် ဦးစီးဌာနအနေနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို တားဆီးကာကွယ်နိုင်ရန်နှင့် လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပေါင်းစပ်ဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားခဲ့သည်။  

ဆက်လက်၍ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးဖြစ်သူ ဦးစည်သူအောင်ကလည်း ရာသီဥတုပြောင်းလဲလာမှု၏ ဆိုးကျိုးများကို ရှင်းလင်းတင်ပြခဲ့သည်။ ဦးစည်သူအောင်က “ လေအရည်အသွေး၊ရေအရည်အသွေး ကျဆင်းလာတဲ့အတွက် ရေချိုသယံဇာတအရင်းအမြစ်တွေ ယုတ်လျော့လာမယ်၊ ဂေဟ စနစ်တွေပြောင်းလဲလာမယ်၊ အဲဒီ့အတွက် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုတွေဖြစ်တဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာပြဿနာတွေ၊ ကူးစက်ရောဂါတွေ၊ ဓါတ်မတည့်တာတွေ ဖြစ်လာမယ်၊ စိတ်ပိုင်းဆိုင်ရာရောဂါတွေလည်းဖြစ်စေနိုင်ပါတယ်” လို့ ပြောကြားခဲ့သည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူငယ်ကျွမ်းကျင်သူ နော်ဟန်နီထက်ထက်ကလည်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် စာသင်ကျောင်းများတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ခြင်းသည် အရေးကြီးကြောင်းကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် Spectrum အဖွဲ့မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူ ဆလိုင်းထောင်းလိုဏ်လုံမှ  လတ်တလောဖြစ်ပေါ်နေသည့် Covid 19 အခြေအနေတွင် စာသင်ကျောင်းများအနေနှင့် မည်ကဲ့သို့ လိုက်လျောညီထွေအောင် ဆောင်ရွက်သင့်သည်ကို ဝေမျှပေးခဲ့ပြီး တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများက သိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

            Daw_Aye_Aye_Win1.jpg            Daw_San_San_Htay1.jpg

 

Naw_Hanni_Htet_Htet.jpg            U_Si_Thu_Aung.jpg          

Powered by KnowledgeArc