
Recycle ပစ္စည်းများပြန်လည်အသုံးပြုထားသည့် လူသုံးကုန်ပစ္စည်း ပြိုင်ပွဲတွင် အလက ကလုံးထာမှ ပထမဆုရရှိ
- Details
Spectrum အဖွဲ့က ဦးဆောင်ကျင်းပသည့် Recycle ပစ္စည်းများပြန်လည်အသုံးပြုပြီးလူသုံးကုန်ပစ္စည်းများပြုလုပ်သည့် ပြိုင်ပွဲကျင်းပရာ ရေဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း( ကလုံးထာ) က ပထမဆုရရှိခဲ့သည်။
၂၀၂၀ နိုဝင်ဘာလအတွင်းက တနင်္သာရီ တိုင်းဒေသကြီးအတွင်းက စာသင်ကျောင်းပေါင်း ၅၀ ခန့်ကို အွန်လိုင်းမှတစ်ဆင့် Zoom App ဖြင့် သင်တန်းပေးခဲ့ပြီးမှ ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ဆရာမများဦးစီးကာ ကျောင်းသူကျောင်းသားများကို Recycle ပစ္စည်းများပြန်လည်အသုံးပြုပြီးလူသုံးကုန်ပစ္စည်းများပြုလုပ်ရန် ဦးဆောင်ခဲ့ကာ ပြိုင်ပွဲဝင်ဓါတ်ပုံများကို ပေးပို့ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ထိုပြိုင်ပွဲကို Spectrum SDKN အဖွဲ့က စီစဥ်ဆောင်ရွက်ပြီး ChildFund Myanmar နှင့် Australian Aids တို့က ကူညီပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။